Skip to main content

ပြည်သူ့လွှတ်တော်၊လွှတ်တော်ရေးရာ စွမ်းရည်မြှင့်တင်ရေးအကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဒေါ်စုစုလွင်၊ UK Department for International Development (DFID) အဖွဲ့မှ Dr. Rurik Marsden ဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ လွှတ်တော်ရေးရာ စွမ်းရည်မြှင့်တင်ရေးအကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဒေါ်စုစုလွင် သည် UK Department for International Development (DFID) အဖွဲ့မှ Dr. Rurik Marsden အား ယနေ့ညနေ ၃:၄၅ နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-1) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ဝန်ထမ်းများ၏ စွမ်းရည် မြှင့်တင်မှု ဆိုင်ရာကိစ္စရပ်များ၊ လွှတ်တော်၏ သုတေသနနှင့် ကော်မတီများဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ များတွင်လည်း ကူညီဆောင်ရွက်ပေးနေမှုများနှင့် အနာဂတ်တွင် ဆက်လက်ဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ လွှတ်တော်ရေးရာစွမ်းရည်မြှင့်တင်ရေး အကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဒေါ်စုစုလွင် နှင့်အတူ အဖွဲ့ဝင်ဒေါက်တာဒေါ်သန်းငွေ၊ ဦးနိုင်ထူးအောင်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၉ခုနှစ်၊  ဒီဇင်ဘာလ ၅ ရက်