Skip to main content

ပြည်သူ့လွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာဒေါ်ခင်စိုးစိုးကြည် ကနေဒါနိုင်ငံ Ontario ပြည်နယ် အမတ်ဟောင်း Ms. Monique Marthe Smith အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာဒေါ်ခင်စိုးစိုးကြည် သည် ကနေဒါနိုင်ငံ Ontario ပြည်နယ် အမတ်ဟောင်း Ms. Monique Marthe Smith အား ယနေ့မွန်းတည့် ၁၂ နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-12) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ကော်မတီ၏ တာဝန်ယူဆောင်ရွက်နေရသော လုပ်ငန်းဆောင်တာများနှင့် ဥပဒေရေးရာကိစ္စရပ်များ၊ အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ အခွင့်အရေးဆိုင်ရာ ဆောင်ရွက် နေမှုကိစ္စရပ်များ၊ ကော်မတီက ဆောင်ရွက်နေမှုများအပေါ် WFD မှ ပံ့ပိုးပေးနိုင်မည့် ကိစ္စရပ်များ နှင့်စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဒေါက်တာဒေါ်ကြည်မို့မို့လွင်နှင့် ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်