Skip to main content

ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးဝင်းထွဋ် Telenor Myanmar မှ Mr. Hans Martin Hoeg Henrichsen ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးဝင်းထွဋ် သည် Telenor Myanmar မှ Mr. Hans Martin Hoeg Henrichsen ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နှင့် ကမ္ဘာ့ဘဏ်မှ မူဝါဒစည်းမျဉ်းစည်းကမ်းရေးရာ အကြီးတန်းအထူးကျွမ်းကျင်သူ Mr. Rajendra Singh တို့အား ယနေ့မွန်းလွဲ ၂ နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော် ရေးရာဆောင်၊ အဆောင်အမှတ် (I-9) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံရာတွင်  နိုင်ငံတကာတွင် ဆောင်ရွက်နေသည့် ဆက်သွယ်ရေး ကော်မရှင်နှင့် ပတ်သက်သည့် မူဝါဒ၊ ဥပဒေပြုမှုများ နှင့်စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဒေါ်ယဉ်မင်းလှိုင် နှင့် ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ကြသည်။

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်