Skip to main content

ပြည်သူ့လွှတ်တော်၊ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ ဥက္ကဋ္ဌ ဦးခွန်မောင်သောင်း ဖက်ဒ ရယ်နိုင်ငံများဖိုရမ် မှ Project Manager ဦးထွန်းမင်းဦး အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ ဥက္ကဋ္ဌ ဦးခွန်မောင်သောင်း သည် ဖက်ဒရယ်နိုင်ငံများဖိုရမ် မှ Project Manager ဦးထွန်းမင်းဦး အား ယနေ့ နံနက် ၁၁ နာရီ ၄၅ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-6) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်များနှင့် နားလည်မှု သဘောတူစာချွန်လွှာရေးထိုး၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ ကော်မတီအဖွဲ့ဝင် ဉီးလှထွန်းကျော် တက်ရောက် ခဲ့ပါသည်။

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်