Skip to main content

ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးကြည်မိုးနိုင် ရွှေစိန်အာရှကုမ္ပဏီလီမိတက်အဖွဲ့ အားလက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးကြည်မိုးနိုင်သည် ရွှေစိန်အာရှ ကုမ္ပဏီလီမိတက်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီခွဲအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-8) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံရာတွင် အော်ဂဲနစ်စွမ်းအင်မြှင့်ဆီကို အသုံးပြု၍ ရေနံဆီမှ အဆင့်မြင့် ဓါတ်ဆီ၊ အဆင့်မြင့် ဒီဇယ်ဆီသို့ စွမ်းရည်မြှင့်တင်နိုင်ခြင်းနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုလျော့ချပြီး ဈေးနှုန်းသက်သာ စွာဖြင့် ဝယ်ယူသုံးစွဲနိုင်ရေး  ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဦးစိုးမြင့် (ခ) ဦးအောင်ဇော်မြင့် နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။

၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်