Skip to main content

အမည်

ဗိုလ်မှူးချုပ်သက်ထွန်းအောင်

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်

၉/မတလ(နိုင်)၀၉၁၂၉၁

မွေးသက္ကရာဇ်/အသက်

၁၁-၁၀-၁၉၆၃/(၅၇)နှစ်

မွေးဖွားရာဇာတိ

တောင်ဥက္ကလာပမြို့

ပညာအရည်အချင်း

B.Com၊ မဟာဝိဇ္ဇာဘွဲ့(ကာကွယ်ရေးပညာ)

လက်ရှိအလုပ်အကိုင်

စစ်မှုထမ်း

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးတင်ကြည်၊ ၁၂/ဥကတ(နိုင်)၀၇၁၉၁၁၊

မှီခို

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်အုန်းတင် (ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ခင်မူမူအေး၊ ၁၂/ဥကတ(နိုင်)၁၀၇၀၃၃၊ မှီခို

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါက်တာသက်အေးချမ်း၊ ၁၀/ဘလန(နိုင်) ၁၀၇၃၈၆၊ တိရစ္ဆာန်ဆေးကုဆရာဝန်

အမြဲတမ်းနေရပ်လိပ်စာ

တိုက်(စီ)၊ အခန်း(၃၀၁)၊ မြင်သာအိမ်ရာ သံသုမာလမ်း၊ ၁၄/၁ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့၊ ရန်ကုန်တိုင်းဒေသကြီး

ကိုယ်စားပြုပါတီနှင့် ပါတီတာ၀န်/ တစ်သီးပုဂ္ဂလ

တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်

ဖြစ်စဉ်အကျဉ်းချုပ် (ယနေ့အထိ)

အခြေခံပညာကို ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်  အမက (၂၀)၊ အလက (၂)နှင့် အထက(၄)တို့တွင် သင်ယူခဲ့သည်။ ရန်ကုန်မြို့ အမှတ်(၁) ဒေသကောလိပ်တွင် ပထမနှစ်နှင့် ဒုတိယနှစ်တက်ရောက်ခဲ့သည်။ ရန်ကုန်စီးပွားရေး တက္ကသိုလ်မှ  B.Com ဘွဲ့နှင့် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့ (ကာကွယ်ရေးပညာ)တို့ ရရှိခဲ့သည်။

စစ်မှုထမ်းတာဝန်ဖြင့် ခမရ(၃၁၅)၊ ခမရ(၃၉၀)၊ လနစ၊ ခမရ(၄)၊ ခမရ (၃၆၉)၊ တမခ(၁၁)၊ ခမရ(၃)၊ ခလရ(၈၇)၊ စကခ(၁)၊ စကခ(၁၂)၊ ရလခနှင့် မစသ(ကွာလာလမ်ပူ)တို့တွင် အဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့သည်။ ဗိုလ်မှူးချုပ် အဆင့်ဖြင့် တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံးတွင် (တွဲဖက်)တာဝန် ထမ်းဆောင်လျက်ရှိပြီး တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ကြည်း  ၂၈၁၆၁ ဒုတိယဗိုလ်မှူးကြီးဇော်ထွန်းဦး အစား အစားထိုး ရွေးချယ်ခံရသူ ဖြစ်ပါသည်။