Skip to main content

ပြည်သူ့လွှတ်တော်၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးဝင်းသိန်းဇော် မန္တလေးတိုင်းဒေသကြီး၊ ချည်မျှင်လုပ်ငန်းရှင်များမှ တာဝန်ရှိပုဂ္ဂိုလ်များအား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးဝင်းသိန်းဇော် သည် မန္တလေးတိုင်းဒေသကြီး၊ ချည်မျှင်လုပ်ငန်းရှင်များမှ တာဝန်ရှိပုဂ္ဂိုလ်များအား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-8) အစည်း အဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ချည်မျှင်လုပ်ငန်းရှင်များအနေဖြင့် ချည်မျှင်လုပ်ငန်းနှင့်ဆက်စပ်၍ ကြုံတွေ့နေရသည့် လုပ်ငန်းအခက်အခဲများကို ကူညီဆောင်ရွက်ပေးနိုင်ရေးတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ ကော်မတီအတွင်းရေးမှူး ဉီးအောင်ကျော်ကျော်ဉီးနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၃ ရက်