Skip to main content

ပြည်သူ့လွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီအတွင်းရေးမှူး ဒေါက်တာ ဒေါ်ကြည်မို့မို့လွင် ကချင်ပြည်နယ် အမျိုးသမီးများကွန်ရက်အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာကော်မတီ အတွင်းရေးမှူး ဒေါက်တာ ဒေါ်ကြည်မို့မို့လွင် သည် ကချင်ပြည်နယ် အမျိုးသမီးများကွန်ရက်အား ယနေ့ မွန်းလွဲ ၁ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာ ဆောင်၊ အဆောင်အမှတ် (I-12) အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံရာတွင် ကချင်ပြည်နယ် အမျိုးသမီးများကွန်ရက်က ကျား/မ ရေးရာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ စာတမ်းအား ဖတ်ကြားတင်ပြပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများအား တားဆီးကာကွယ်နိုင်ရန်အတွက် ထိရောက်သော အရေးယူမှုများဆောင်ရွက်နိုင်ရေး၊ ကချင်ပြည်နယ် အတွင်း နေရပ်စွန့်ခွာသူများအား ပြန်လည်နေရာချထားရေးနှင့် တိုက်ပွဲရှောင်စခန်းများတွင် COVID-19 ကာကွယ်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ပေးနိုင်ရေး စသည့်ကိစ္စရပ်များအား အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီအတွင်းရေးမှူးနှင့်အတူ ကော်မတီအဖွဲ့ဝင်များ  တက်ရောက်ခဲ့ကြသည်။

၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၅ ရက်