Skip to main content

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့တွင် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ပြောကြားသည့် နိဂုံးချုပ်အမှာစကား

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၆) ကြိမ်မြောက်

ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့တွင် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ

ပြောကြားသည့် နိဂုံးချုပ်အမှာစကား

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

          (၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေးကို အခက်အခဲ အမျိုးမျိုးကြားက ဖြစ်မြောက်အောင် ကျင်းပခဲ့ရတာဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များနဲ့ လွှတ်တော်ရုံးဝန်ထမ်းများရဲ့ တာဝန်ကျေပွန် ပေါင်းစပ်ဆောင်ရွက်မှုတွေဟာ အဓိကကျကြောင်း ပြောကြားလိုပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ (COVID-19) ကပ်ရောဂါကိုလည်း မိမိတို့လွှတ်တော်ကိုယ်စားလှယ်များက ကျရာအခန်းကဏ္ဍကနေ ပြည်သူနဲ့အတူ လက်တွဲပြီး ရောဂါကာကွယ်ရေးနည်းလမ်းများအတိုင်း ရှေ့တန်းကတက်တက် ကြွကြွပါဝင်ဆောင်ရွက်ပေးကြပါ။

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

          နိဂုံးချုပ်အနေနဲ့ မှာကြားလိုတာကတော့ ပြည်သူကရွေးချယ်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်များပီသစွာ ပြည်သူ့အကျိုးကို ဆက်လက်ကြိုးပမ်း ဆောင်ရွက်ပေးကြပါ။ လွှတ်တော်ရဲ့ ဂုဏ်သိက္ခာဆက်လက်မြင့်မားနေဖို့အတွက် တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်နဲ့ဆောင်ရွက်ကြပါလို့ မှာကြားလိုပါတယ်။ “ကိုယ်စားလှယ်များရဲ့ လိုရာခရီးများ သာယာဖြောင့်ဖြူးကြပါစေ။ မိသားစုများနဲ့ ပျော်ရွှင်ချမ်းမြေ့စွာ ဆုံဆည်းနိုင်ကြပါစေ။ ကမ္ဘာ့ကပ်ရောဂါ အန္တရာယ်မှလည်း ကင်းဝေးနိုင်ကြပါစေလို့’’ ဆုမွန်ကောင်းတောင်းရင်း နိဂုံးချုပ်အပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျား။

၂၀၂၀ ပြည့်နှစ်၊  ဇွန်လ   ရက်