Skip to main content

ပြည်သူ့လွှတ်တော်၊ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဝင်း၊ တောင်သူလယ်သမားနှင့်အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ ဦးကျော်မြင့်တို့ ဥပဒေအိမ် ဥပဒေပညာရပ်ဆိုင်ရာအသင်းအား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဝင်းနှင့် တောင်သူလယ်သမားနှင့် အလုပ် သမားရေးရာကော်မတီ ဥက္ကဋ္ဌ ဦးကျော်မြင့်တို့သည်   ဥပဒေအိမ် ဥပဒေပညာရပ်ဆိုင်ရာအသင်းအား ယနေ့ မွန်းလွဲ ၂ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-2) အစည်းအဝေးခန်းမ၌ Video Conferencing ဖြင့် လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် တည်ဆဲမြေယာဥပဒေများနှင့်စပ်လျဉ်းသည့် တရားစီရင်ရေးဆိုင်ရာ  ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌများနှင့်အတူ ဥပဒေကြမ်းကော်မတီအဖွဲ့ဝင်များနှင့်  တောင်သူ လယ်သမားနှင့် အလုပ်သမားရေးရာကော်မတီအဖွဲ့ဝင်တို့ တက်ရောက်ခဲ့ကြသည်။

၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၂၅ ရက်