Skip to main content

ပြည်သူ့လွှတ်တော်၊နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစော လွှတ်တော်အခြေပြု ပြည်သူ့အထောက်အကူပြုအဖွဲ့ စီမံကိန်းညွှန်ကြားရေးမှူး ဦးဖြိုးခိုင်လတ် ဦးဆောင်သော အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစောသည် လွှတ်တော်အခြေပြု ပြည်သူ့အထောက်အကူပြုအဖွဲ့ စီမံကိန်းညွှန်ကြားရေးမှူး ဦးဖြိုးခိုင်လတ်ဦးဆောင် သောအဖွဲ့အား ယနေ့နံနက် ၈ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-5) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ နှင့်ပတ်သက်သည့် ဥပဒေရေးရာ ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဦးဝင်းမြင့်အောင်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၂၅ ရက်