Skip to main content

ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန (ကာကွယ်ဆေး)မှ ညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်း ဉီးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့်အားကစား ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ စံရွှေဝင်းသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန (ကာကွယ်ဆေး)မှ ညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်း ဦးဆောင်သောအဖွဲ့ အား ယနေ့ မွန်းလွဲ ၂ နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-13) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားမှုကိုကာကွယ်သည့် HPV (Human Papillomavirus) ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းစဉ်များနှင့် HPV ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုးအစီ အစဉ်တွင် စတင်ထည့်သွင်းခြင်းနှင့်ပတ်သက်၍ တင်ပြပြီး ကော်မတီဥက္ကဋ္ဌ နှင့် ကော်မတီအဖွဲ့ဝင် များမှ ရင်းနှီးပွင့်လင်းစွာ ပြန်လည်ဆွေးနွေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ကျန်းမာရေးနှင့်အားကစား ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အတူ ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၂၅ ရက်