Skip to main content

အမည်

ဦးအောင်စိုးမြင့်

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၇/တငန (နိုင်) ၀၀၉၅၁၅

မွေးသက္ကရာဇ်/အသက်

Sunday, August 3, 1952

မွေးဖွားရာဇာတိ

တောင်ငူမြို့

ပညာအရည်အချင်း

B.Ecom (MS)

လက်ရှိအလုပ်အကိုင်

ကုန်သည်

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးအုန်းကျော် (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်အေးမိ၊ မှီခို

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်အေးအေးစမ်း၊ မှီခို

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မပုံ့ပုံ့စိုး၊ ကုန်သည်
(၂) မောင်သီဟဏ်စိုး၊ မှီခို
(၃) မနီလာစိုး၊ မှီခို

အမြဲတမ်းနေရပ်လိပ်စာ

အမှတ်(၁၂/၈၈)၊ အောင်ချမ်းတောင်ရပ်၊ (၅) လမ်း၊ တောင်ငူမြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တောင်ငူမြို့နယ် (ပထအအကြိမ် ကြားဖြတ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အခြေခံပညာကို စိန်ဂျိုးဇက်ကွန်ဗင့်၊ အ.ထ.က (၃) နှင့် အ.ထ.က(၁) တောင်ငူတို့တွင် သင်ယူခဲ့ပြီး ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ B.Econ(M.S) ဘွဲ့  ရရှိခဲ့သည်။

တောင်ငူမြို့တွင် ပုဂ္ဂလိကကုန်သည်အဖြစ် လုပ်ကိုင်ခဲ့ဖူးသည်။

NLD မြို့နယ်စည်းအတွင်းအရေးမှူး၊ တိုင်းတွဲဖက်အတွင်းရေးမှူး၊ ဗဟိုဦးစီးအဖွဲ့ဝင် အကျဥ်းသားကူညီ‌ စောင့်ရှောက်ရေးနှင့် ပညာရေးကွန်ယက်တို့တွင် ပါဝင်ဆောင်ရွက်ခဲ့သည်။

လိုင်စင်မဲ့ဆိုင်ကယ်တစ်စီးရှိသည့်အတွက် သွင်းကုန်း/ထုတ်ကုန် (ယာယီ)ပုဒ်မ ၅(၁)အရ ၃၁-၈-၂၀၀၃ ရက်နေ့တွင် စတင်ဖမ်းဆီးခံခဲ့ရပြီး ၂၃-၉-၂၀၀၈ရက်နေ့တွင် ပြစ်ဒဏ်မှလွတ်မြောက်ခဲ့သည်။

၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပဲခူးတိုင်း၊ တောင်ငူမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသည်။