Skip to main content

အမည်

ဒေါက်တာခင်စိုးစိုးကြည်

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၄/မမန(နိုင်)၀၀၈၂၃၂

မွေးသက္ကရာဇ်/အသက်

၂၄-၃-၁၉၆၉/(၄၆)နှစ်

မွေးဖွားရာဇာတိ

ပုသိမ်မြို့

ပညာအရည်အချင်း

M.B.B.S(Ygn), Dip.Med.Sc (Hosp: Admin)

လက်ရှိအလုပ်အကိုင်

ကိုယ်ပိုင်ဆေးကုခန်း၊ ဆန်စက်လုပ်ငန်း

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးစိုးမြင့်၊ ၁၄/မမန(နိုင်) ၀၀၄၇၂၂၊ဗိုလ်မှူး(ငြိမ်း)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်တင်ကြည်၊ ( ကွယ်လွန် )          

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးသန်းထွဋ်၊ (ကွယ်လွန်)

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

မောင်ဘုန်းမြတ်ပိုင်စိုး(ခ)ယုန်ယုန်၊ နဝမတန်း

အမြဲတမ်းနေရပ်လိပ်စာ

အမှတ်(၂၂၅)၊ လမ်းမတော်လမ်း၊ အနောက်ပိုင်းရပ်ကွက်၊ ပေါင်းတလည်မြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ၊ရပ်/ကျေးအလုပ်အမှုဆောင်၊ ပေါင်းတလည်မြို့

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်မြို့နယ် (ဒုတိယအကြိမ်) 

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

၁၉၇၄ ခုနှစ်တွင် သူငယ်တန်းကို အ.မ.က(ရွာသစ်)ကျုံပျော်၊ ၁၉၇၅-၁၉၇၉ ခုနှစ်တွင် ပထမတန်း မှ စတုတ္ထတန်းအထိ အ.လ.က (နားမေတ္တာ) ခန္တီးမြို့၊ ၁၉၇၉-၁၉၈၃ ခုနှစ်တွင် ပဉ္စမတန်းမှ အဋ္ဌမတန်းထိ အ.လ.က-၂(ရပ်စောက်မြို့)၊ ၁၉၈၃-၁၉၈၄ ခုနှစ်တွင် နဝမတန်းကို အ.ထ.က(ဗထူးမြို့)၊ ၁၉၈၄-၁၉၈၅ ခုနှစ်တွင် ဒသမတန်းကို အ.ထ.က (တိုးကြောင်ကလေး) တို့တွင် သင်ကြားခဲ့ပါသည်။ ၁၉၈၅-၁၉၉၅ ခုနှစ်တွင် ဆေးတက္ကသိုလ်(၁) ရန်ကုန်နှင့် ၂၀၀၈ မှ ၂၀၀၉ ထိ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်(ရန်ကုန်)တို့၌ ပညာဆက်လက်သင်ယူခဲ့ကာ MB.,BS(Ygn), Dip. Med.Sc (Hosp: Admin)တို့ကို ရရှိခဲ့ပါသည်။   ၁၉၉၇ မှ ၂၀၁၁ အထိ ကျန်းမာရေးဝန်ကြီးဌာနတွင် ပြည်သူ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၁၉၉၇ မှ ၁၉၉၉ ထိ  လက်ထောက်ဆရာဝန်၊ ပြည်သူ့ဆေးရုံကြီး ပဲခူးမြို့၊ ၁၉၉၉ မှ ၂၀၀၆ ထိ တိုက်နယ်ဆရာဝန်၊ တိုက်နယ်ဆေးရုံ ပေါင်းတလည်မြို့၊ ၂၀၀၆ မှ ၂၀၀၈ ထိ ကွင်းဆင်းအရာရှိ၊ ကမ္ဘာ့လူဦးရေ ရန်ပုံငွေ အဖွဲ့ ရန်ကုန်မြို့၊ ၂၀၀၈ မှ ၂၀၀၉ မြို့နယ်ဆရာဝန်၊ ဆိပ်ဖြူမြို့၊ ၂၀၀၉ မှ ၂၀၁၀ ထိ လက်ထောက်ဆေးရုံအုပ်၊ ပြည်မြို့၊ ၂၀၁၀ မှ ၂၀၁၁ ထိ ဆေးရုံအုပ်၊ မအူပင်မြို့တို့တွင် အသီးသီးတာဝန် ထမ်းဆောင်ခဲ့ပါသည်။ ပေါင်းတလည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ်/ကျေးအလုပ်အမှုဆောင် အဖွဲ့ဝင်၊ ပေါင်းတလည်မြို့ အမေ့နှလုံးသား ကျန်းမာရေးကွန်ယက် ဆေးကုသရေးတာဝန်ခံ၊ အမေ့အလင်းရောင်ရွေ့လျားစာကြည့်တိုက် အတွင်းရေးမှူး၊ အောင်ဆန်းသွေး သွေးလှူရှင်အဖွဲ့ အဖွဲ့ဝင်၊ ငြိမ်းချမ်းလူငယ်ပရဟိတဆေးခန်း အလှည့်ကျဆရာဝန်နှင့် ပြည်မြို့နယ် NLD ကျန်းမာရေးကွန်ယက် ဥက္ကဋ္ဌတို့အဖြစ် ဆောင်ရွက်ခဲ့ပါသည်။