Skip to main content

ဆွီဒင်နိုင်ငံ လွှတ်တော် ဥက္ကဌ H.E.Mr.Urban Ahlin ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ပြန်လည်ထွက်ခွာ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၌ ချစ်ကြည်ရေး ခရီးလည်ပတ်ရန် နေပြည်တော်၌ ရောက်ရှိနေသည့် ဆွီဒင်နိုင်ငံလွှတ်တော် ဥက္ကဌ H.E.Mr.Urban Ahlin ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ယမန်နေ့ ညနေပိုင်းတွင် နေပြည်တော်မှ  ရန်ကုန်သို့လေကြောင်း ခရီးဖြင့် ပြန်လည်ထွက်ခွာသွားသည်။

အဆိုပါ ချစ်ကြည်ရေးခရီးစဉ် ပြီးဆုံးပြီဖြစ်၍ နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် အတူ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ လိုက်ပါပို့ဆောင် နှုတ်ဆက်ကြသည်။

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်