Skip to main content

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့(JCC)ဥက္ကဋ္ဌ ဦးတီခွန်မြတ် ဖက်ဒရယ်နိုင်ငံများ ဖိုရမ်ဘုတ် အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ၊ လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့(JCC)ဥက္ကဋ္ဌ   ဦးတီခွန်မြတ်သည် ဖက်ဒရယ်နိုင်ငံများဖိုရမ်ဘုတ်အဖွဲ့ ဥက္ကဋ္ဌ Mr.Georg Milbradt  နှင့် အဖွဲ့ဝင်များအား ယနေ့ ညနေ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် လွှတ်တော်မှ ဖွဲ့စည်းထားရှိသည့် JCC အဖွဲ့၏ လုပ်ငန်းတာဝန်နှင့် ရည်ရွယ်ချက်များ၊ JCC နှင့် Forum of Federations တို့ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးဆိုင်ရာ ကိစ္စရပ်များ ၊ Forum of Federations အနေဖြင့် ပြည်ထောင်စုလွှတ်တော် ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များတွင် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံရေးစနစ် ထူထောင်ရေး ဆိုင်ရာ အကူအညီ ပေးလျက်ရှိသည့် လုပ်ငန်းများနှင့်  ဖက်ဒရယ်ပြည်ထောင်စုစနစ် ဖြစ်ပေါ်လာရေး အတွက် အခြေခံ လိုအပ်ချက်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့  လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ရေး အဖွဲ့(JCC)ဥက္ကဋ္ဌနှင့်အတူ အဖွဲ့ဝင်များဖြစ်ကြသော ဒေါက်တာဒေါ်သန်းငွေ၊ ဒေါ်အေးအေးမူ၊ လွှတ်တော်ရုံးများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်