Skip to main content

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ (JCC) ဥက္ကဋ္ဌ ဦးတီခွန်မြတ် NDI ၏ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူးအား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ (JCC) ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် National Democratic Institute (NDI) Myanmar ၏ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Peter M. Manikas ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌရုံးခန်း၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် NDI အနေဖြင့် လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများတွင် အရှိန်အဟုန်မြှင့်ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ရုံးဝန်ထမ်း များအတွက် ပိုမိုအကျိုးဖြစ်ထွန်းစေမည့် သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပသွားရေးဆိုင်ရာ ကိစ္စရပ်များ၊ လွှတ်တော် ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာစီမံကိန်း ၂၀၁၈ -၂၀၂၂ တွင်လည်း NDI အနေဖြင့် ပိုမိုပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင်‌့အတူ လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (JCC) အဖွဲ့ဝင်များ ဖြစ်ကြသော ဒေါ်အေးအေးမူ၊ ဦးတင်အောင်ချို၊ ပြည်သူ့လွှတ်တော်ရုံး၊ အမျိုးသားလွှတ်တော်ရုံးများမှ ညွှန်ကြားရေးမှူးချုပ်တို့နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ 

၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ လ ၁၅ ရက်