Skip to main content

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (JCC) ဥက္ကဋ္ဌ ဦးတီခွန်မြတ် က Foundation Hirondelle ၏ Senior Editorial ဖြစ်သူ Mr. Martyn Brown အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ရေး အဖွဲ့ (JCC) ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် မြန်မာနိုင်ငံရှိ Foundation Hirondelle ၏ Senior Editorial ဖြစ်သူ Mr. Martyn Brown အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာလွှတ်တော်နှင့် Foundation Hirondelle တို့အကြား ပူးပေါင်းဆောင်ရွက် သွားရေးဆိုင်ရာ လုပ်ငန်းများဖြစ်သည့်  လွှတ်တော်ဆိုင်ရာ နည်းပညာကဏ္ဍဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် သတင်း မီဒီယာကဏ္ဍအတွက် လွှတ်တော်အထောက်အကူပြု ဝန်ထမ်းများအား သင်တန်းများ၊ အလုပ်ရုံ ဆွေးနွေးပွဲများ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့်အတူ လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (JCC) အဖွဲ့ဝင်များ ဖြစ်ကြသော ဒေါ်အေးအေးမူ၊ ဦးတင်အောင်ချို၊ ပြည်သူ့လွှတ်တော်ရုံးမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်