Skip to main content

ပြည်သူ့လွှတ်တော် လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အတွင်းရေးမှူး ဦးစိုးမြင့် (ခ) ဦးအောင်ဇော်မြင့် Marubeni Corporation မှ Mr.Koji Kuroda ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော် လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ကိုယ်စား အတွင်းရေးမှူး ဦးစိုးမြင့် (ခ) ဦးအောင်ဇော်မြင့် သည် Marubeni Corporation မှ Mr.Koji Kuroda ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ၂၀၁၆ ခုနှစ် သြဂုတ်လ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ရေးရာဆောင် အဆောင်အမှတ် (I-8) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် Marubeni Corporation အနေဖြင့် မြန်မာနိုင်ငံတွင် အဓိကလိုအပ်လျက်ရှိသော လျှပ်စစ်စွမ်းအင် လုံလောက်စွာ ရရှိစေရေးအတွက် မြေအောက်အပူကို အခြေခံသည့် Geothermal နည်းဖြင့် စွမ်းအင်ထုတ်ယူမှုဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့သည်။

၂၀၁၆ ခုနှစ် သြဂုတ်လ ၄ ရက်