Skip to main content

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဦးဝင်းမြင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ရေဘေးအန္တရာယ်ကျရောက်နေသည့် ဒေသများရှိ ရေဘေးသင့်ပြည်သူများအတွက် အလှူငွေများပေးအပ်လှူဒါန်း

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် သည် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ရေဘေးအန္တရာယ် ကျရောက်နေသည့် ဒေသများရှိ ရေဘေးသင့်ပြည်သူများအတွက် အလှူငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ၂၀၁၆ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ရေဘေးသင့်ပြည်သူများအတွက် ပြည်သူ့လွှတ်တော် ဥကဋ္ဌ၏ လက်ဆောင်ပေးခြင်းနှင့် အလှူဒါန ခေါင်းစဉ်မှ လှူဒါန်းငွေ ၆,၄၈၀,၀၀၀ိ/- နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၄၂၆) ဦး၏ နေ့တွက်စရိတ် တစ်ရက်စာ စုပေါင်းလှူဒါန်းငွေ ၈,၅၂၀,၀၀၀ိ/- စုစုပေါင်း ကျပ် သိန်း (၁၅၀) ကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် မှ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ထံသို့  အလှူငွေများ ပေးအပ်လှူဒါန်းသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ ဂုဏ်ပြုမှတ်တမ်းလွှာအား ပြန်လည်ပေးအပ်ရာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က လက်ခံရယူသည်။

အဆိုပါအခမ်းအနားသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ပြည်သူ့လွှတ်တော် ကော်မတီဥက္ကဋ္ဌများ၊ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၆ ခုနှစ် သြဂုတ်လ ၁၀ ရက်