Skip to main content

ပြည်သူ့လွှတ်တော်၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီ ဥက္ကဋ္ဌ ဦးခွန်မောင်သောင်း ဂျပန်နိုင်ငံ အောက်လွှတ်တော်ကိုယ်စားလှယ် Mr. Masaharu NAKAGAWA နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီ ဥက္ကဋ္ဌ ဦးခွန်မောင်သောင်း သည် ဂျပန်နိုင်ငံမှ အောက်လွှတ်တော် ကိုယ်စားလှယ်ဖြစ်သူ Mr. Masaharu NAKAGAWA   ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၆ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့ ညနေ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင် အဆောင်အမှတ် (I-6) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် တိုင်းရင်းသားရေးရာကိစ္စများ၊  ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်နေမှု အခြေအနေများနှင့် ၂၁ ရာစု ပင်လုံညီလာခံကျင်းပမည့် ကိစ္စရပ်များနှင့်စပ်လျဉ်းပြီး အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော်၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်များနှင့်  ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၆ ခုနှစ် သြဂုတ်လ ၁၅ ရက်