Skip to main content

ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန် အမေရိကန်ှ သံအမတ်ကြီး H.E.Mr.Scot Marciel အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန် သည် အမေရိကန် သံအမတ်ကြီး H.E.Mr.Scot Marciel အား ယနေ့ ညနေ (၁၆း၀၀) နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင် အမှတ်  (I-2) ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာတွင် ဥပဒေကြမ်းကော်မတီ အဖွဲ့ဝင်များဖြစ်ကြသော ဦးကျော်စိုးလင်း၊ ဦးဉာဏ်လင်း၊ ဦးဝေလှိုင်ထွန်း၊၊ ဗိုလ်မှူးချုပ်မောင်မောင်၊ ဦးစတီဖန် တို့ တက်ရောက်ခဲ့ကြပြီး ဥပဒေကြမ်းကော်မတီ၏ ကဏ္ဍနှင့် လက်ရှိပြဋ္ဌာန်းထားသည့် ဥပဒေဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။

၂၀၁၆ ခုနှစ်လ သြဂုတ်လ ၁၇ ရက်