Skip to main content

အမည်

ဒေါက်တာအောင်မိုးညို

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၈/ပဖန(နိုင်)၀၀၄၅၇၃

မွေးသက္ကရာဇ်/အသက်

၂၄-၁၁-၁၉၅၇

မွေးဖွားရာဇာတိ

ပွင့်ဖြူမြို့

ပညာအရည်အချင်း

M.B.B.S (Rgn)

လက်ရှိအလုပ်အကိုင်

ကိုယ်ပိုင်ဆေးကုခန်း

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးညို၊ PBU-၀၀၂၃၃၃၊ သယ်ယူပို့ဆောင်ရေး

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ဖွားညိမ်း (ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

မရှိပါ

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

မရှိပါ

အမြဲတမ်းနေရပ်လိပ်စာ

အမှတ်(၂၁)၊ သန့်စင်လမ်း၊ သက်တော်ရှည်ရပ်ကွက်၊ ပွင့်ဖြူမြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပွင့်ဖြူမြို့နယ် (ပထမအကြိမ်ကြားဖြတ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အခြေခံပညာကို ပွင့်ဖြူမြို့ မြို့မမူလတန်းကျောင်း ၊ အစိုးရအထက်တန်းကျောင်းနှင့် ရန်ကုန်မြို့ အ-ထ-က(၁) လမ်းမတော်တို့တွင် သင်ယူခဲ့သည်။ ရန်ကုန်ဆေးတက္ကသိုလ်(၁)မှ  M.B.B.S(Rgn) ဘွဲ့ရရှိခဲ့သည်။ပွင့်ဖြူမြို့၊ မုံရွာမြို့နယ် မုံရွာ-ကြေးမုံကျေးရွာနှင့် မင်းကင်းမြို့နယ် မောက္ကတော်ကျေးရွာတို့တွင် ကိုယ်ပိုင် ဆေးကုခန်း ဖွင့်လှစ်လုပ်ကိုင်ခဲ့ဖူးသည်။

 ၁၉၉၀ ပြည့်နှစ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၊NLDလက်အောက်ရှိ BG သွေးလှူဒါန်းရေးကွန်ယက် မကွေးတိုင်းအဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။

 ပွင့်ဖြူမြို့နယ် သန်ခေါင်စာရင်းကောက်ယူရေးစီမံချက်နှင့် “အ” သုံးလုံးကျေစီမံချက်များ ၊ ရန်ကုန်တိုင်း တွံ့တေးမြို့နယ် ၊ ပျော်ဘွယ်လေးတူးမြောင်း ဖောက်လုပ်ရေးစီမံချက်များတွင် လုပ်အားပေး ဆောင်ရွက်ခဲ့သည်။