Skip to main content

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင်(ခ)ဦးထွန်းထွန်းဟိန် ၏ ၁၃၈၀ ပြည့်နှစ် မြန်မာနှစ်သစ်ကူး နှုတ်ခွန်းဆက်စကား

နှစ်သစ်မင်္ဂလာအခါသမယမှာ နိုင်ငံတစ်ဝှမ်းလုံးရှိ မိဘပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။

ထူးမြတ်လှတဲ့ အတာသြင်္ကန်ပွဲတော်ကြီးဟာ မကြာခင်ကာလမှာပဲ ကျရောက်တော့မှာဖြစ်ပါတယ်။ ကျွန်တော်ဟာ “ဒီ” နှစ်သစ်ကူးကာလမှာပဲ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။

ကျွန်တော် တာဝန်ထမ်းဆောင်စဉ် ကာလအတွင်းမှာ နိုင်ငံတော်နဲ့ မိဘပြည်သူများက ပေးအပ်တဲ့ လုပ်ငန်းတာဝန်များကို ကျွန်တော်ရဲ့ ကိုယ်စွမ်းရှိသလောက် ဉာဏ်စွမ်းရှိသမျှ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း အလေးအနက်ကတိပြု ပြောကြားရင်း နှုတ်ခွန်းဆက်သလိုက်ပါတယ်။ မိဘပြည်သူများအားလုံး နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ ပျော်ရွှင်ကြပါစေ။ လိုအင်ဆန္ဒများ ပြည့်စုံနိုင်ကြပါစေ။ စိတ်သစ်၊ ခွန်အားသစ်တွေနဲ့ ငြိမ်းချမ်းသာယာအေးချမ်းတဲ့ နိုင်ငံတော်ကြီးကို ဝိုင်းဝန်း တည်ဆောက်နိုင်ကြပါစေ။

၂၀၁၈ ခုနှစ်၊ ဧပြီလ ၁၇ ရက်