Skip to main content

ကော်မတီအဖွဲ့ဝင်များ ပြောင်းရွှေ့၊ ထည့်သွင်း တာဝန်ပေးအပ်ခြင်း

ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အောက်ဖေါ်ပြပါ ကိုယ်စားလှယ်များအား သက်ဆိုရာ ကော်မတီ အသီးသီးသို့ ပြောင်းလွှဲ တာဝန်ပေးအပ် လိုက်သည်။

<--break->

တောင်ငူမဲဆန္ဒနယ်မှ ဦးအောင်စိုးမြင့်အား ပြည်သူ့ငွေစာရင်းကော်မတီမှ သယံဇာတနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ ကော်မတီသို့လည်းကောင်း၊

သံတွဲမဲဆန္ဒနယ်မှ ဦးရဲထွန်းအား နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေး ဆိုင်ရာကော်မတီမှ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဆိုင်ရာကော်မတီသို့ လည်းကောင်း၊

ကုန်းကြမ်းမဲဆန္ဒနယ်မှ ဦးကျန်တဲတင် (ခ) ဦးကျန်တဲဝမ်အား ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဆိုင်ရာ ကော်မတီမှ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီ အရေးနှင့် လူ့အခွင့်အရေး ဆိုင်ရာ ကော်မတီသို့ လည်းကောင်း၊

လက်ပံတန်းမဲဆန္ဒနယ်မှ ဦးကျော်မင်းအား ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဆိုင်ရာ ကော်မတီမှ ပညာရေးမြှင့်တင်မှုကော်မတီသို့လည်းကောင်း၊

ဒီပဲယင်းမဲဆန္ဒနယ်မှ ဦးသန်းထွန်းအား ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုး တိုးတက်ရေးကော်မတီမှ တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီသို့ လည်းကောင်း၊

မိတ္ထီလာ မဲဆန္ဒနယ်မှ ဦးဝင်းထိန်အား သယံဇာတ နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာ ကော်မတီ မှ ပြည်သူ့ ငွေစာရင်းကော်မတီသို့လည်းကောင်း၊

လောင်းလုံမဲဆန္ဒနယ်မှ ဦးအောင်စိုးအား ပညာရေးမြှင့်တင်မှု ကော်မတီမှ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီသို့လည်းကောင်း၊

တာချီလိတ်မဲဆန္ဒနယ်မှ ဦးစိုင်းသိန်းအောင်အား တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီမှ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီ အရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီသို့လည်းကောင်း၊

သဲကုန်းမဲဆန္ဒနယ်မှ ဦးစိုးအောင်အား တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနား ခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီမှ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ သို့လည်းကောင်း

ပျော်ဘွယ်မဲဆန္ဒနယ်မှ ဦးမြင့်စိုးအား တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီအဖွဲ့ဝင်အဖြစ် အသီးသီး ထည့်သွင်းဖွဲ့စည်းလိုက်ကြောင်း ကြေညာ ပါသည်။