Skip to main content

ကော်မတီအဖွဲ့ဝင်များ ပယ်ဖျက်၊ ပြောင်းရွှေ့၊ ထည့်သွင်း တာဝန်ပေးအပ်ခြင်း

၂၀၁၃ ခုနှစ် သြဂုတ်လ ၇ ရက်နေ့က ကျင်းပသော ပထမအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး  ၁၉ ရက်မြောက်နေ့တွင် လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးအား သက်ဆိုင်ရာ ကော်မတီ၏ ကော်မတီအဖွဲ့ဝင်အဖြစ်မှ ပယ်ဖျက်လိုက်ပြီး ယင်း ၁၅ ဦးထည့်မှ ၄ ဦးကို သက်ဆိုင်ရာ အခြားကော်မတီများသို့ ပြောင်းရွှေ့ တာဝန်ပေး အပ်ခဲ့သည်။

ထို့ပြင် နောက်ထပ်ကိုယ်စားလှယ် ၃ ဦးအား လက်ရှိကော်မတီအပြင် အခြား သက်ဆိုင်ရာ ကော်မတီများ၌ ပူးတွဲ တာဝန်ပေးအပ် လိုက်သည်။

<--break->