Skip to main content

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကားပြောကြား

ဥက္ကဋ္ဌ။        ။ လွှတ်တော်ကိုယ်စားလှယ်များအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာ ရွှင်လန်းကြပါ စေ။ ပြည်သူ့အကျိုး၊ အများအကျိုး၊ နိုင်ငံအကျိုးပိုမို ဆောင်ရွက်နိုင်ကြ ပါစေလို့ ဆန္ဒပြုရင်း ပထမ အကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး စတင်တဲ့နေ့မှာ နှုတ်ခွန်းဆက်သပါတယ်။ လွှတ်တော်များ၊ ပါလီမန်များ၊

<--break->

ကွန်ကရက်များဟာ ဒီမိုကရေစီ စနစ်ဖြစ်ထွန်းရေးနှင့် ရှင်သန်ရေးတွင် အဓိက အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်နေပါတယ်။ သို့ဖြစ်၍ ပြည်သူ့ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားသော လွှတ်တော်များရဲ့ စေတနာနှင့် အရည်အချင်းဟာ မည်မျှအရေးကြီးကြောင်း သိရှိထားရန် လိုပါတယ်။ ထို့အတူ လွှတ်တော်ရဲ့ အခွင့်အရေး၊ ပြည်သူ့ကိုယ်စားလှယ်များရဲ့ အခွင့်အရေး များကို ထိုက်တန်စွာနှင့် ထိရောက်စွာ အသုံးပြုနေကြ ရန်လည်း လိုအပ်ပါတယ်။

ဒီအခွင့်အရေးများကို ဆောင်ရွက်ရာတွင် ပြည်သူ့အသံများ၊ ပြည်သူ့ဆန္ဒများနှင့် ပြည်သူများ၏ မျှော်လင့်ချက်များကို အမှန် တကယ် လွှတ်တော်များက ဖော်ဆောင် ပေးနိုင်ရေးသည် အထူးအရေးကြီးလှပါတယ်။ လွှတ်တော် ကိုယ်စားလှယ်များခင်ဗျား။ ငြိမ်းချမ်းမှု၊ တည်ငြိမ်အေးချမ်းမှုရှိမှသာ ဒီမိုကရေစီစနစ်ရှင်သန် နိုင်မှာ ဖြစ်ပါတယ်။ ထို့အတူ တည်ငြိမ်အေးချမ်းမှုရှိမှလည်း တရားဥပဒေစိုးမိုးရေး (Rule of Law) ရှိမှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့သည် အပြန်အလှန် အမှီသဟဲပြုပြီး အကျိုးသက်ရောက်မှု များလည်း ရှိနေကြတာ ဖြစ်ပါတယ်။ တရားဥပဒေစိုးမိုး ဖြစ်ထွန်း ရေးအတွက် တည်ဆဲဥပဒေ စည်းမျဉ်း၊ စည်းကမ်းများကို မည်သူမဆို လိုက်နာကြရမည်။ မလိုက်နာသူ၊ ပျက်ကွက်သူ၊ ဖောက်ဖျက်သူကို တည်ဆဲဥပဒေအရ အရေးယူပါမည်။ ဥပဒေအရ အရေးယူ ဆောင်ရွက်ရန် ပျက်ကွက်သူကို သို့မဟုတ် အဖွဲ့အစည်းကိုလည်း ပြည်သူများ သို့မဟုတ် ပြည်သူ့ ကိုယ်စားလှယ်များက ဥပဒေနှင့်အညီ အပြစ်ပေး အရေးယူနိုင်ရေး အတွက် ဆောင်ရွက်ခွင့်ရှိနေရမည်။ အရေးယူဆောင်ရွက်ကြရမည်ဖြစ်၍ ထိုကိစ္စ၊ ထိုဖြစ်စဉ်များကို လက်တွေ့နယ်ပယ်တွင် အရေးယူ ဆောင်ရွက်နေမှုများ ရှင်သန်နေရန် မိမိတို့ လွှတ်တော် ကိုယ်စားလှယ်များတွင် တာဝန်ရှိနေသည်ဟု ခံယူပြီး မိမိလွှတ်တော် နယ်မြေရှိ ပြည်သူလူထု အားလုံးပါဝင်ရေး အတွက် ဆောင်ရွက်ကြပြီး မိမိတို့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအောင်မြင်အောင် ကြိုးပမ်းဆောင်ရွက် သွားကြရန် လိုပါ တယ်။ ထို့အတူ ဆောင်ရွက်ရာတွင်လည်း လွှတ်တော် ကိုယ်စားလှယ်များသည် ပါတီစွဲ၊ ဝါဒစွဲ၊ ဒေသစွဲ၊ လူမျိုးစွဲ၊ ကိုးကွယ်သည့် အယူဝါဒ အစွဲမထားရှိဘဲ နိုင်ငံ့အကျိုး၊ နိုင်ငံသားအကျိုး၊ ပြည်ထောင်စု အကျိုး အတွက်မျှမျှတ တ ဖြစ်စေရေးအတွက် အဓိကထားပြီး ရဲရဲဝံ့ဝံ့၊ သတ္တိရှိရှိဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း တင်ပြရင်း နှုတ်ခွန်းဆက်သ နိဂုံးချုပ်လိုက်ပါတယ်။