Skip to main content

ကယားပြည်နယ် ရှားတောမြို့နယ်တွင် လိုအပ်သော ဆရာဝန်၊ သူနာပြုများနှင့် အခြားလိုအပ်များကို ဆောင်ရွက်ပေးရန် သက်ဆိုင်ရာ ဝန်ကြီးဌာန ကို လွှတ်တော်မှ တိုက်တွန်း

ဥက္ကဋ္ဌ။    ။ ပြည်ထောင်စု ကျန်းမာရေး ဝန်ကြီးဌာနမှ တက်ရောက်လာတဲ့ ဒုတိယဝန်ကြီးကို မနေ့က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနဲ့ တွေ့ဆုံတဲ့နေရာမှာ ရှားတောမြို့နယ်မှာ ရှိတဲ့ မြို့နယ်ဆေးရုံမှာ ဆရာဝန် မရှိကြောင်း ခန့်ထားမှု ရှိသော်လည်း ဆရာဝန်ရောက်မလားကြောင်း ဒီအခက်အခဲကို ရှားတောမြို့နယ်က အချိန်ကြာမြင့်စွာ ခံစားနေရကြောင်း မနေ့က နှုတ်ဖြင့် တင်ပြ သတင်းပို့တာရှိပါတယ်။ ဒါကြောင့်မို့လို့ တင်ပြချက် မှန်မမှန် ပြန်လည်စစ်ဆေးပြီး ကယားပြည်နယ်ရဲ့ မြို့နယ်တစ်မြို့ဖြစ်သော ရှားတောမြို့နယ်ရဲ့ လိုအပ်တဲ့ဆရာဝန် သူနာပြုနဲ့ အခြားလိုအပ်ချက်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနအနေနဲ့ အမြန်ဆုံး စဉ်းစား သုံးသပ် စီမံ ဆောင်ရွက်ပေးဖို့ လွှတ်တော်မှ တဆင့် တိုက်တွန်းပါတယ်။