Skip to main content

ဦးသန်းဝင်း (တောင်တွင်းကြီး မဲဆန္ဒနယ်) က ဆွေးနွေးခြင်း

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့်တကွ ကိုယ်စားလှယ်များ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံးကို မင်္ဂလာပါလို့ ဂါရဝပြုပါတယ်။ ကျွန်တော်ကတော့ တောင်တွင်းကြီးမဲဆန္ဒနယ်မှ ဦးသန်းဝင်းဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ တောင်သာမဲဆန္ဒနယ်မှ အဆိုရှင်ဦအောင်သောင်းရဲ့အဆိုအပေါ်မှာ ထောက်ခံဆွေး နွေးတင်ပြသွားမှာ ဖြစ်ပါတယ်။

လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ မြန်မာပြည်အလယ်ပိုင်းဒေသ တွေလို့ ဆိုထားတဲ့အတွက် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းဆိုတာ အဓိကပေါ်လွင်ထင်ရှား နေတာဖြစ်ပါတယ်။ ဒီဒေသတွေမှာရှိတဲ့ မျက်စိဝေဒနာရှင် ပြည်သူတွေရဲ့ အခက်အခဲကို အထူးအစီအစဉ်ဆောင်ရွက်ဖို့ အဆိုတစ်ရပ်အနေနဲ့ တင်ပြထားတာဖြစ်ပါတယ်။ အထူးအစီအစဉ်ဆိုတဲ့ အတွက် သက်ဆိုင်ရာအစိုးရအဖွဲ့ရဲ့ ကျန်းမာရေးဝန်ကြီးဋ္ဌာန အပါအဝင် စေတနာရှင်နောက် အလှူရှင် လူပြည်သူအားလုံးကို နှိုးဆော်တိုက်တွန်းလိုက်တယ်လို့ ကျွန်တော်ဒီလိုပဲ ခံယူမိပါတယ်။ ဒီဒေသဟာ နွေရာသီမှာ အပူချိန်အပြင်ပြဆုံးဖြစ်တယ်ဆိုတာ တစ်နိုင်ငံလုံးပြည်သူအားလုံးအသိဖြစ်ပါတယ်။ ၄၄၊ ၄၅၊၄၆၊၄၇ဆိုတဲ့ အပူချိန် ဒီဂရီ cacisus ဟဒီဒေသလောက် ပူပြင်းတဲ့ဒေသမရှိပါဘူး။ အလားတူမိုးတွင်း ဟာလည်းပဲမိုးရာသီလေးလလို့ဆိုသော်လည်းပဲတကယ်တမ်း မိုးရေချိန်လက်မခုနရှေ့ကတင်ပြသွားသ လိုပဲမိုးရေချိန်လက်မ၂၀လက်မဝန်းကျင်အောက်ကို ရွာတဲ့ဒေသတွေဖြစ်ပါတယ်။ ဒါကြောင့်နောက် ဆက်တွဲအကျိုးဆက်အနေအထားအရ ဒီဒေမှာနေတဲ့ပြည်သူလူတွေ ရဲ့အနေအထားသည်ရောဂါဖြစ်ရ ခြင်းရဲ့အရင်းခံအကြောင်းတရားဖြစ်တဲ့ ဖုန်ထူသဲထတဲ့နောက်တစ်ခါ နောက်ဆက်တွဲဖြစ်တဲ့ ပူပြင်းတဲ့ ဒဏ်ကြောင့် ရေရှားပါးမှုကြောင့် နောက်တစ်ကိုယ်ရေ သန့်ရှင်းမှု ဒါတွေဟာ အကျိုးဆက်တွေပဲ ဖြစ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ လယ်ယာစိုက်ပျိုးရေးပေါ်အခြေခံတဲ့ တောင်သူတွေရဲ့ဘဝဟာ ရာသီဥတုပြောင်လဲလာတဲ့ အနေအထားအပေါ်မှာ စီးပွားရေး အကျပ်အတည်းများစွာရရှိတဲ့ အတွက် တစ်ဦးချင်းဝင်ငွေဟာ များစွာလျော့နည်းပြီးတော့ စားရေးတစ်ခုထဲက လွဲပြီးအခြားသော ကိစ္စများကို အဓိကမထားနိုင်ခဲ့ကြဘူးဆိုတာ ပေါ်လွင်ထင်ရှားတာဖြစ်ပါတယ်။ ဒါကြောင့်ဒီလိုအခက်အခဲတွေရှိ နေတဲ့အတွက် အထူးအစီအစဉ်အနေနဲ့ဆောင်ရွက်တဲ့ နေရာမှာ အစိုးရအဖွဲ့က ပုံမှန်ဆောင်ရွက် နေရုံနဲ့ မရပါဘူး။ အားလုံးဝိုင်းပြီးတော့ လုပ်ကြဖို့လိုအပ်ပါတယ်လို့ တိုက်တွန်းတဲ့သဘောသက်ရောက်တယ် လို့ ဒီလိုပဲကျွန်တော်ခံယူမိပါတယ်။ ထဲထဲဝင်ဝင်လုပ်ကိုင်ခဲ့တဲ့ အနေအထားမှာ ၂၀၁၀ခုနှစ်မှာ တစ်ကြိမ်၊ လူဦးရေး ၃သိန်းဝန်းကျင်ရှိတဲ့ ကျွန်တော်တို့ မြို့နယ်မှာ တကယ်တမ်းဝေဒနာရှင် လာရောက် ပြသတာတင် သုံးထောင်ကျော်ဖြစ်ပါတယ်။ ရာနှုန်းအားဖြင့် ကြည့်မယ်ဆိုရင် ၁percent လောက်ဖြစ်ပါတယ်။ အဲဒီအနေအထားအပေါ်မှာ ကျွန်တော်တို့တကယ်တမ်း မျက်စိတိမ်ကြောင့် ခွဲရမယ့်ရောဂါဝေဒနာရှင်ကို ခွဲထုတ်လိုက်တဲ့အခါမှာ ၉၀ကျော် တွေ့ရပါတယ်။ ဒီအနေအထားကို တွေ့မယ်ဆိုလို့ရှိရင်လည်း ပြသသူရဲ့ ၃ percent ရှိနေတယ်ဆိုတာ တွေ့ရပါတယ်။ အလားတူပဲ ပြီးခဲ့တဲ့ နှစ်က ၂၀၁၂မှာတစ်ကြိမ် ဆောင်ရွက်ခဲ့တဲ့နေရာမှာလည်း ဒီရာနှုန်းပဲ ဖြစ်နေတယ်ဆိုတာကို သိရှိရပါတယ်။ ဒီနေရာမှာ အလှူရှင် ဒေါ်ဝင်းမော်ထွန်းပြောသွားတဲ့ အချက်တွေဟာ များစွာ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ အချက်တွေဖြစ်ကြောင်း တင်ပြလိုပါတယ်။ မကွေးတိုင်းရဲ့ အနေအထား အရ လူဦးရေ ၅.၆၈သန်းအပေါ်မှာ ကျေးလက်နေပြည်သူလူထုဟာ တကယ်တမ်း ၈၁ ရာခိုင်နှုန်း ရှိနေတာဖြစ်ပါတယ်။ လယ်ယာစိုက်ပျိုးရေးကို အခြေခံပြီးတော့ ယာသီးနှံ၊ လယ်သီးနှံ အပေါ်မှာ ရာသီဥတုကိုအခြေခံရတဲ့အတွက် အခက်အခဲတွေ များစွာရှိကြောင်း တင်ပြလိုပါတယ်။ ကျွန်တော့်ရှေ့က အဆိုတင်ပြသွားတဲ့       မန္တလေးတိုင်းဦးကိုကြီးရဲ့ တင်ပြချက်မှာ ပါသလိုပါပဲ အနုပညာရှင်များကတော့ ကျွန်တော်တို့ အညာဒေသရဲ့ ကျေးလက်အနေအထားတွေကို လွမ်းစရာ လေးနဲ့ ပုံဖော်ခဲ့တာဖြစ်ပါတယ်။ ဖုန်လုံးကြီးတွေ တလိမ့်လိမ့်ထတယ် ။ ဟုတ်ပါတယ်ခင်ဗျာ သို့သော် တကယ်တမ်း ကျန်းမာရေးရှုထောင့်က ကြည့်မယ်ဆိုလို့ရှိရင် မောစရာကြီးဖြစ်ပါတယ်။ ဒါနေ့စဉ်နဲ့ ကြုံ တွေ့ရတဲ့ ကျေးလက်နေ ပြည်သူလူထုရဲ့ ပတ်ဝန်းကျင်ဖြစ်ပါတယ်။ နွားကျောင်းချိန်၊ နွားသွင်းချိန် အခြားတိုးတက်လာတဲ့ ထော်လာဂျီ ၊ လှည်း၊ ဆိုင်ကယ်တွေကြောင့် ပတ်ဝန်ကျင်ကြီးက နေ့စဉ်နဲ့ အမျှ ကြုံတွေ့နေရတဲ့အပေါ်ကို သတိမမူခဲ့ကြလို့ဖြစ်ပါတယ်။ ဒီအနေအထားနဲ့ ပတ်ဝန်းကျင်ကို ကျင်လည်ကြ တဲ့ ပတ်ဝန်းကျင်ပြည်သူလူထုဟာ နောက်ဆက်တွဲ အသက်ရှုလမ်းကြောင်းရောဂါ၊ အဆုတ်ရောဂါ ဒါတွေဟာ ဆက်လက်ဖြစ်ပေါ်ခဲ့ရတဲ့ အကြောင်းအရင်းဖြစ်ပါတယ်။ ဆိုလိုချင်တာကတော့ ကျေးလက်နေ ပြည်သူလူထုဟာ ဖြစ်ပေါ်မှုများခဲ့တဲ့ ရောဂါသည်တွေဖြစ်တဲ့အတွက် ကျွန်တော်တို့ အထူးအစီအစဉ်နဲ့ ဆောင်ရွက်တဲ့အခါမှာ အားလုံးဝိုင်းဝန်းပါဝင်ဆောင်ရွက်မှ ဖြစ်မယ်ဆိုတာ တင်ပြလိုပါတယ်။

နိဂုံးချုပ်အနေနဲ့ တင်ပြလိုတာကတော့ ကျွန်တော်တို့ တောင်တွင်းကြီးဒေသ ရဟန်း ဆရာတော် တစ်ပါးက ပြောခဲ့ပါတယ်။ ဒီနေ့အချိန်ထိ ဒီအတိုင်းပဲ ကျင့်သုံးနေပါတယ်။ The service of the poor is the service of Buddha လို့ဆိုပါတယ်။ ဒီနေ့ နိုင်ငံတော် အစိုးရသစ်က ဆောင်ရွက်နေတာလည်း ဒီအဆိုအမိန့်နဲ့ တူပါတယ်။ ခုနရှေ့ကတင်ပြသွားတဲ့ ဆရာတော်တွေက သက်ဆိုင်ရာ ပြည်နယ်နဲ့တိုင်းများမှာ လုပ်ကိုင်ဆောင်ရွက်နေတာဟာလည်းပဲ ဆင်းရဲသားပြည်သူလူထု Poor ဖြစ်တဲ့ လူထုအတွက် ဆရာတော်သံဃာတော်၊ ပညာရှိတွေရဲ့ အဆိုအမိန့်အတိုင်း ဆောင်ရွက်နေ တာဖြစ်ပါကြောင်းနဲ့ ဒီကိစ္စရပ်သည် အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်မှ သက်ဆိုင်ရာ အစိုးရအဖွဲ့ စေတနာရှင် NGO INGO ဆရာတော် သံဃာတော်များနဲ့ စီးပွားရေးလုပ်ငန်းရှင်များ နောက်ဆုံးယုတ်ဆွ အဆုံး လွှတ်တော်ကိုယ်စားလှယ်အားလုံးသည် သက်ဆိုင်ရာ မိမိတို့ရဲ့ဒေသမှာ ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက် ကြပါရန် တိုက်တွန်းတင်ပြရင်းနဲ့ အဆိုရှင်ရဲ့အဆိုကို ထောက်ခံအပ်တယ်ခင်ဗျား။ ကျေးဇူးတင်ပါတယ်။