Skip to main content

အမျိုးသားလွှတ်တော်မှ အတည်ပြုချက်ဖြင့် ပေးပို့သော မြေသိမ်း (သတ္တုတွင်းများ) အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းကို လက်ခံရရှိကြောင်း

ပြည်သူ့ လွှတ်တော် ဆိုင်ရာ နည်းဥပဒေ ၁၆၇ အရ အမျိုးသား လွှတ်တော်တွင် စတင်တင်သွင်း၍ အတည်ပြုပြီး ဖြစ်သော မြေသိမ်း (သတ္တုတွင်းများ) အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းကို လွှတ်တော်က ၂၁-၈-၂၀၁၂ ရက်နေ့တွင် လက်ခံရရှိခဲ့ပါတယ်။ ယင်းဥပဒေကြမ်း၏ မိတ္တူများကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီထံ စိစစ်နိုင်ရန်နှင့် ကိုယ်စားလှယ်များထံ လေ့လာနိုင်ရန် ဖြန့်ဝေထားပြီး ဖြစ်ပါတယ်။ ဥပဒေကြမ်း ကော်မတီ အနေနဲ့ ယင်းဥပဒေကြမ်းကို စိစစ်ပြီး ကော်မတီရဲ့ အစီရင်ခံစာ နှင်‌့အတူ လွှတ်တော်တွင် ဆွေးနွေးနိုင်ရန် တင်သွင်းရမှာဖြစ်ပါတယ်။ ဆွေးနွေးလိုတဲ့ ကိုယ်စားလှယ်များကရှိပါ က ဆွေးနွေးလိုတဲ့ အပိုဒ်၊ အပိုဒ်ခွဲ၊ အကြောင်းအရာ၊ အချက်အလက်များကို တိကျစွာ ဖော်ပြ၍ ၃၁-၈-၂၀၁၂ ရက်နေ့ ၁၃း၀၀ နာရီ နောက်ဆုံးထားပြီး ပြည်သူ့လွှတ်တော် ဒုတိယ ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း ပေးရန်ဖြစ်ကြောင်း အသိပေး ကြေညာပါတယ်။