Skip to main content

အမည်

ဦးလုံဂျုံဆန်မိုင်

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ကချင်/ခရစ်ယာန်

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁/မကန(နိုင်)၀၇၇၄၁၀

မွေးသက္ကရာဇ်/အသက်

၂၅-၅-၁၉၅၄/(၆၁)နှစ်

မွေးဖွားရာဇာတိ

ဆွမ်ပရာဘွမ်မြို့၊ အင်ဒိန်ဆမာဒူကျေးရွာ

ပညာအရည်အချင်း

တတိယနှစ်၊ ဥပဒေအောင်(ဝ/သ တက္ကသိုလ်၊ ရန်ကုန်)

လက်ရှိအလုပ်အကိုင်

ကုန်သည်

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးလုံဂျုံဇော်အောန်း၊ (ကွယ်လွန်) (၁၉၆၂ ခုနှစ်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ထိန်နန်ဂျာမိုင်၊ (ကွယ်လွန်) (၁၉၆၂ ခုနှစ်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ခွမ်ဘွဲဂျာခမ်၊၁/မကန(နိုင်)၀၉၂၉၈၂၊ ကျောက်မျက်အချောထည်လုပ်ငန်း   

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မောင်လုံဂျုံဇော်ရွမ်ဂျာ

(၂) မလုံဂျုံဂျာဆိုင်းငါ

(၃) မောင်လုံဂျုံဂျော်ဆင်ဂေါင်နော်

(၄) မလုံဂျုံဆွတ်အိန်လု

(၅) မလုံဂျုံဂျာဘိမ်းရွယ်

အမြဲတမ်းနေရပ်လိပ်စာ

အမှတ်(၅)၊ လင်းရောင်ခြည်လမ်း၊ ရန်ကြီးအောင်၊မြစ်ကြီးနားမြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ဆွမ်ပရာဘွမ်မြို့နယ်

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

၁၉၅၆မှစ၍ ထိန်နန်အလယ်တန်းကျောင်းတွင်လည်းကောင်း၊ ၁၉၇၁ အ.ထ.က(၄)မြစ်ကြီးနားတွင်(၁၀)တန်းအောင်သည်အထိလည်းကောင်း၊ ၁၉၇၁မှ ၁၉၇၄အထိ ရန်ကုန်အဝေးသင်တက္ကသိုလ်တွင် တတိယနှစ် ဥပဒေအောင်သည်အထိ တက်ရောက်ပညာသင်ကြားခဲ့ပါသည်။

ကျောက်စိမ်းတူးဖော်ရေး တာဝန်ခံအဖြစ် လောင်ဗျစ်ကုမ္ပဏီ၊ လုံစစ် ကျောက်မျက်အချောထည်လုပ်ငန်း၊ ရန်ကြီးအောင်၊ မြစ်ကြီးနားတွင် တာဝန် ထမ်းဆောင်ခဲ့ပါသည်။ နိုင်ငံရေး/လူမှုရေးလုပ်ငန်း ဆောင်ရွက်ချက်များအနေဖြင့် ဗမာပြည်ကွန်မြူ နစ်ပါတီဝင်အဖြစ်လည်းကောင်း၊ ကချင်အထူးဒေသ(၁)(NDAK) ဒေသလူထု စည်းရုံးရေးတာဝန်ခံအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ပြီး ကျေးလက်ရာထူးခန့် ထားရေးဥက္ကဋ္ဌတာဝန်ဖြင့် အမျိုးသားညီလာခံ ကိုယ်စားလှယ်အဖြစ် ၂၀၀၄မှ ၂၀၀၇ အထိပါဝင်ဆောင်ရွက်ခဲ့ပါသည်။

၁၉၇၄ခုနှစ် တက္ကသိုလ်ကျောင်းသားအရေးအခင်းတစ်ခုတွင် ပါဝင်မှုဖြင့် တရားစွဲခြင်းခံခဲ့ရပြီး နောက်တွင် ထောင်ဒဏ်(၈)နှစ် ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရပြီး ၁၉၈၀ခုနှစ် လွတ်ငြိမ်းချမ်းသာခွင့်(၁/၈၉) နိုင်ငံတော်၏ကြေငြာချက်များဖြင့် ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် ရခဲ့ပါသည်။ အမျိုးသားညီလာခံတွင် ဆောင်းပါးစာပေဆု ချီးမြှင့်ခံခဲ့ရပါသည်။