Skip to main content

ဦးတီခွန်မြတ်၏ တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေပြဋ္ဌာန်းရေးအဆိုကို လွှတ်တော်မှ အတည်ပြု

    ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးလျှက်ရှိသော ဦးတီခွန်မြတ်တင်သွင်းသည့် တိုင်းရင်းသားလူမျိုးများ ရဲ့ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေပြဋ္ဌာန်းရေး အဆိုကို လွှတ်တော်ကိုယ်စားလှယ် အသီးသီးမှ ဆွေးနွေးထောက်ခံသွားခဲ့ပြီးနောက် သက်ဆိုင်ရာ ပြည်ထောင်စု အဆင့်ဌာနအသီးသီးမှ ပြည်ထောင်စု အဆင့်အဖွဲ့အစည်းဝင်များဖြစ်ကြာသော ဦးကျော်ကျော်ဝင်း၊ ဒုတိယဝန်ကြီး လူမှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ဗိုလ်မှူးချုပ်ကျော်ဇံမြင့်၊ ဒုတိယဝန်ကြီး ပြည်ထဲရေးဝန်ကြီးဌာန၊ ဦးထွန်းထွန်းဦး၊ ဒုတိယရှေ့နေချုပ် ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့မှလည်း ထောက်ခံဆွေးနွေးခဲ့ပါသည်။ ဦးတီခွန်မြတ်မှ ထပ်မံဆွေးနွေးရန် မလိုကြောင်းနှင့် လွှတ်တော် ဒီဆုံးဖြတ်ချက်ကို ရယူရာ လွှတ်တော်မှ သဘောတူသဖြင့် ၎င်းအဆိုကို အတည်ဖြစ်ဖြစ်ကြောင်းကြေညာခဲ့ပါသည်။