Skip to main content

လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်းမှ ဦးတီခွန်မြတ်၏ အဆိုနှင့် စပ်လျဉ်း၍ ရှင်းလင်း

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တော်ကြီးများ၊ ဧည့်သည်တော်ကြီးများ ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသားခြင်းနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်းနှုတ်ခွန်းဆက်အပ်ပါတယ် ခင်ဗျား။ ကျွန်တော်ကတော့ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်းဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေပြဋ္ဌာန်းရေးအဆိုနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်ကြီးများမှ ကျယ်ကျယ်ပြန့်ပြန့် ရှုထောင့်စုံမှ ပြည့်စုံစွာ ဆွေးနွေးသွားကြပြီးဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ အဆိုကို ဖြည့်စွက် တင်ပြ ဆွေးနွေးရလျှင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအ‌ခြေခံဥပဒေ အခန်း(၈)မှာ နိုင်ငံ သားများရဲ့ မူလအခွင့်အရေးကို ပြဋ္ဌာန်းထားပါတယ်။ ယခု လွှတ်တော်ကိုယ်စားလှယ်တော်ကြီး ဦးတီခွန်မြတ် အဆိုဖြစ်တဲ့ တိုင်းရင်းသားများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေကို ပြဋ္ဌာန်းရန်ကိစ္စမှာ အမှန်တကယ်လိုအပ်သည်ဟု ယူဆပါတယ်။ ပြဋ္ဌာန်းနိုင်ခဲ့ရင် တိုင်းရင်းသားများ အား ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးထားသည့် အခွင့်အရေးကို ပိုမိုကျယ်ပြန့်စွာ လက်တွေ့ကျကျ ခံစားရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒီဥပဒေရေးဆွဲရာမှာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာနနဲ့ ပတ်သက်တဲ့ သက်ဆိုင်သော ကိစ္စရပ်များကို ပြည့်ပြည့်စုံစုံခိုင်ခိုင်မာမာဖြစ်စေရန် အထောက်အကူပြုဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဝန်ကြီးဌာနအနေဖြင့်လည်း ဒီဥပဒေပြဋ္ဌာန်းနိုင်ခဲ့ပါက တိုင်းရင်းသားတွေနဲ့ပတ်သက်ပြီး ဥပဒေပါပြဋ္ဌာန်းချက်များအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်မှာ ဖြစ်တဲ့အတွက် ယခုတင်တဲ့အဆိုကို ထောက်ခံပါကြောင်း တင်ပြအပ်ပါတယ် ခင်ဗျား။ ကျေးဇူးတင်ပါတယ်။