Skip to main content

တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပြဋ္ဌာန်းရေးအဆိုကိုထောက်ခံတင်ပြ

ဦးငွန်မောင်း(ဟားခါးမဲဆန္ဒနယ်)။  ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များခင်ဗျား။       ကျွန်တော်ကတော့ ချင်းပြည်နယ်၊ ဟားခါးမဲဆန္ဒ နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးငွန်မောင်း ဖြစ်ပါတယ်။ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတီးခွန်မြတ်ရဲ့ ၁၂-၇-၂၀၁၂ နေ့ကတင်သွင်းသွားတဲ့ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပြဋ္ဌာန်းရေးအဆိုကိုထောက်ခံတင်ပြဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ လွန်ခဲ့တဲ့ မေလ လွှတ်တော်အစည်းအဝေးရပ်နားချိန် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်း တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီဝင်များ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ နယ်လှည်‌့ကွင်းဆင်းပြီး သွားခဲ့စဉ်က တိုင်းရင်းသားများမှတင်ပြလာကြတဲ့ ပြည်နယ်တိုင်းရင်းသားများ ပြည်မနှင့်တန်းတူ အခွင့်အရေးမရရှိ သည့်ကိစ္စက အရေးကြီးကိစ္စအဖြစ် ပါဝင်လာသည်ကို တွေ့ရှိရပါတယ်။ ယင်းကိစ္စမှာ ယခုအဆိုနှင့် လည်း တိုက်ရိုက်ဆက်နွယ် ပတ်သက်နေပါတယ်။ တိုင်းရင်းသားများအနေနှင့် ယခုလိုအခွင့်အရေး တောင်းဆိုနေမှုဟာ မတောင်းသင့်တဲ့ကိစ္စ မဖြစ်နိုင်တဲ့ကိစ္စကို တောင်းဆိုနေတာမဟုတ်ပါဘူး ရသင့်ရထိုက်တာကိုမရရှိလို့ တောင်းဆိုနေရခြင်းဖြစ်ပါတယ်။ အမှန်စင်စစ် အခွင့်အရေးကတောင်း စရာမလိုတဲ့ တိုင်းရင်းသားများရဲမွေးရာပါ အခွင့်အရေးဖြစ်ပါတယ်။ တိုင်းရင်းသားများရဲ့ အခွင့်အရေး နှင့် ပတ်သြက်ပီးတော့ အခြေခံအကျဆုံးဖြစ်တဲ့ ပင်လုံစာချုပ်ကိုမဖော်ပြဘဲ နေလို့မရပါဘူး။ အဲဒါကြောင့် ပင်လုံစာချုပ်ရဲ့ အဓိကအကြောင်း အ‌ွခေခံသဘောကိုအနည်းငယ်ထည့်သွင်း ဖော်ပြလို ပါတယ်။ ပင်လုံစာချုပ်လက်မှတ်မရေးထိုးခင် အင်္ဂလိပ်အစိုးရမှ တောင်တန်းဒေသ ကိုယ်စားလှယ်များ အား ပြည်မဗမာနှင့်မပေါင်းရန် ဗမာနှင့်ပေါင်းပါကနိုင်ငံရေး၊ စီးပွားရေးတန်းတူအခွင့်အရေး ဘယ်တော့မှ ရမှာမဟုတ်ကြောင်း၊ အင်္ဂလိပ်လက်အောက်တွင် ဆက်လက်နေပါက အခွင့်အရေးများ ပေးမည့်အပြင် ကားလမ်း၊ လေယာဉ်ပျံကွင်းများ တည်ဆောက်ဖေါက်လုပ်ပေးသွားမြည်ဖစ်ကြောင်း စည်းရုံးခဲ့ကြပါတယ်။ အင်္ဂလိပ်စည်းရုံးမှုကောင်းသဖြင့် တိုင်းရင်းသားကိုယ်စားလှယ်များ အင်္ဂလိပ် လက်အောက်တွင် ဆက်လက်နေထိုင်လိုကြောင်း ဆုံးဖြတ်ချက်ပေးရန်သဘောတူခဲ့ကြပါတယ်။

          သို့သော် ပင်လုံစာချုပ်လက်မှတ်ရေးထိုးခါနီးရက်ပိုင်းအလို ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ရောက်ရှိလာပြီး တိုင်းရင်းသားကိုယ်စားလှယ်များကို တှေ့ဆုံစည်းရုံးတဲ့အခါမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပင်ကိုယ်အရည်အသွေး၊ ရိုးသားမှု၊ မျိုးချစ်စိတ်ရှိမှုတိုင်းရင်းသားများပေါ် စေတနာမှန်ထားရှိမှုကို မြင်တွေ့ကြရပြီး၊ ဗိုလ်ချုပ်အပေါ် ယုံကြည်အားထားမှုရှိခဲ့သဖြင့် အင်္ဂလိပ်အစိုးရလက်အောက်တွင် နေလိုကြောင်းဆုံးွဖတ်ချက်ပေးရန် ၎င်းတို့၏ သဘောတူညီချက်အား ပြန်ဖျက်ပြီး ဗမာနှင့် ပူးပေါင်း၍ လွတ်လပ်ရေးရယူရန် ဆုံးဖြတ်ခဲ့ကြပါတယ်။ သို့ဖြင့် ဗမာနှင့် တောင်တန်းနယ်တိုင်းရင်းသားများ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တန်းတူအခွင့်အရေးရရမည်ဟူသော မျော်လင့်ချက်များွဖင့် တိုင်းရင်းသားများ ဖြင့် တိုင်းရင်းသားကိုယ်စားလှယ်များပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ပါတယ်။ ပင်လုံစာချုပ်ဝင် ချင်းတိုင်းရင်းသားကိုယ်စားလှယ် ဦးကီယိုမန်း၊ ဟားခါး ပင်လုံစာချုပ်လက်မှတ်ရေး ထိုးရေး ဆွေးနွေးခဲ့ကြစဉ်ပြောကြားခဲ့သောစကားကို အင်္ဂလိပ်လို ရေးသားထားသည့် အတိုင်းဖေါ်ပြ ပါတယ်။ If we are rule by ourself with own language, culture and custom, we are willing to form union with Burma proper  ဟုဖြစ်ပါတယ်။ ပင်လုံစာချုပ်တွင် ရှမ်း၊ ကချင်၊ ချင်းတို့သည် ဗမာနဲ့အတူ ဗြိတိသျှကျွန်သဘောက်ဘဝမှ ရုန်းထွက်ပြီးလွတ်လပ်၍ တန်းတူသော ပြည်ထောင်စုဒီမိုကရေစီနိုင်ငံသစ်ဘဝကို ထူထောင်ကြရမည်။ ထူထောင်လတ္တံ့သောပြည်ထောင်စု မြန်မာနိုင်ငံတွင် ပြည်နယ်များသည် ဘဏ္ဍာရေးဆိုင်ရာ ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်အပါအဝင် အမျိုးသား ကိုယ်ပိုင် ပြဋ္ဌာန်းပိုင်ခွင့်များကို အပြည်‌့အဝရရှိခံစားစေရမည်ဟု ချုပ်ဆိုခဲ့ကြပါတယ်။ သို့သော် လွတ်လပ်ရေးရပြီး ယနေ့ထိတိုင်တိုင်းရင်းသားများ ပြည်မနှင့်တန်းတူအခွင့်အရေးမရရှိပါဘူး။ ၃ ချက်ပဲ ဖော်ပြပါတယ်။ (၁) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၂(က) တွင်ပြဋ္ဌာန်းထားသည့် အတိုင်း တိုင်းရင်းသားများ၏စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုများ စသည်များဖွံ့ဖြိုးတိုးတက် စေရန် လက်တွေ့အကောင်အထည်ဖေါ်ဆောင်ရွက်ပေးဖို့ လိုနေပြီဖြစ်ပါတယ်။ (၂) မြန်မာနိုင်ငံကို ပြည်နယ် ၇ ခု၊ တိုင်းကြီး ၇ ခု၊ စုစုပေါင်း ပြည်နယ်တိုင်း ၁၄ ခုဖြင့် ဖွဲ့စည်းထူထောင်ထားပါတယ်။ ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီးရာထူးဌာနများတွင် အညီမမျှမခန့်ထားရင်တောင်မှ ပြည်နယ် တိုင်းရင်းသားများ သုံးပုံတစ်ပုံခန့်ပါသင့်ပါတယ်။ တိုင်းရင်းသားထည့်မှ ဝန်ကြီးအဆင့်လုပ်နိုင်သူ အရည်အချင်းရှိသူများလည်း ရှိကြပါတယ်။ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီး ဦးရေ ၇၀ ခန့်မှာ ပြည်နယ်တိုင်းရင်းသားများ ဘယ်နှစ်ယောက်ပါဝင်လို့လဲ။ (၃) တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တိုင်းရင်းသားရေးရာဝန်ကြီးများကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးအဆင့် မသတ်မှတ်ဘဲ အဆင့်နိမ့်သတ်မှတ်ထားပါတယ်။ ယင်းကိုကြည့်ခြင်းအားွဖင့် ပြည်နယ်တိုင်းရင်းသား များ တန်းတူအခွင့်အရေး မရှိသည်ကိုထင်ရှားစွာတွေ့မြင်နိုင်ပါတယ်။ ပြည်နယ်တိုင်းရင်းသားများ အုပ်ချုပ်ရေး အဆင့်မြင့်ရာထူးများတွင် ရရှိနိုင်ရန် အခွင့်အလမ်းမရှိ၊ မျှော်လင့်ချက်မရှိဖြစ်နေပါတယ်။ ပြည်နယ်တိုင်းရင်းသားများ တန်းတူအခွင့်အရေးပေးရန်မှာ ခက်ခဲသောအရာအဖြစ် မြန်မာနိုင်ငံတွင် ယနေ့တိုင်ရှိနေသေးသည်ကို တွေ့ရှိရပါတယ်။ အဆိုတင်သွင်းသွားသူ ဦးတီခွန်မြတ်ရဲ့ ဖေါ်ပြချက် အတိုင်း ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံအများမှာလူနည်းစု တိုင်းရင်းသားများကို အခွင့်အရေး အပြည့်အဝ ပေးထားသည်ကို တွေ့ရှိရပါတယ်။ ဥပမာ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်တဆက်တစပ်တည်း ဖြစ်တဲ့ အိန္ဒိယ နိုင်ငံမီဇိုရမ်ပြည်နယ်နှင့် ချင်းပြည်နယ်ဟာဆိုရင် လူမျိုနွယ်စုတစ်ခုတည်းဖြစ်ပေမယ့် ဖွံ့ဖြိုးတိုးတက်မှု၊ လူနေမှုအဆင့်အတန်းဟာ အလွန်ပဲ ကွာွခားနေပါတယ်။ မြန်မာနိုင်ငံဟာ ယခုအခါ ဒီမိုကရေစီစနစ် နှင့်အညီ ပြည်သူကရွေးကောက်တင်မြောက်တဲ့ လွှတ်တော်ကိုယ်စားလှယ်ကြီးများ ရှိလာပြီဖြစ်ပါတယ်။ ကမာ်ဘအဆင့်အတန်းနောက်သို့လိုက်နိုင်မည့် ခေတ်မှီဒီမိုကရေစီခေါင်းဆောင်ကြီးများ လည်းပေါ်ထွန်း လာကြပြီဖြစ်၍ အလွန်ဘဲ အားတက်မိပါတယ်။ သို့ပါ၍ နိဂုံးချုပ်အားဖြင့် ယခုအခါ ခေတ်ပြောင်း ဒီမိုကရေစီစနစ်သို့ ရောက်ရှိပြီးဖြစ်ပါသဖြင့် စနစ်ဟောင်းမှ အယူအဆ အ‌ွခေအနေအရပ်ရပ်ကို ပြန်လည်သုံးသပ်ပြီး ပြည်နယ်တိုင်းရင်းသားများ တန်းတူအခွင့်အရေးရရှိရေး တိုင်းရင်းသားများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေပြဋ္ဌာန်းရေးဟာ အထူးဦးစားပေး ဆောင်ရွက်ရမည့် လုပ်ငန်းတစ်ရပ်အဖြစ် ချမှတ်ရန်လိုအပ်ပါကြောင်းနှင့် တိုင်းရင်းသားများ တန်တူအခွင့်အရေး ရရှိနိုင် မှသာ နိုင်ငံတော်ကြီးမှာငြိမ်းချမ်း၍ ဖွံ့တိုးတက်ပြီးသာယာဝ‌ပြောသော ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ တက်လှမ်းနိုင်မည်မှာ မလွဲဧကန်ဖြစ်ကြောင်းရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မြတ်ရဲ့ တိုင်းရင်းသားလူမျိုးများ၏ အခွင်‌့အရေးကာကွယ် စောင့်ရှောက်သည့်ဥပဒေ ပြဌာန်းရေးအဆိုကို ထောက်ခံတင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်ခင်ဗျား။