Skip to main content

မလမ်းမဲဆန္ဒနယ်မှ ဦးခွန်လိန်း ဆွေးနွေးခြင်း

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ကြွရောက်လာကြတဲ့ ဧည့်သည်တော်များကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ ချင်းပြည်နယ် ဖလမ်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခွန်လိန်း ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဦးတီခွန်မြတ် တင်သွင်းတဲ့ တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပြဋ္ဌာန်းရေးအဆိုကို ထောက်ခံဆွေးနွေး သွားမှာ ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးချင်ဗျား။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ရှမ်း၊ ဗမာ၊ ချင်း၊ ကချင်၊ ရခိုင်၊ မွန်၊ ကရင်၊ ကယား အစရှိသြည်ဖင့် တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုစစ်စစ်၊ အင်္ဂလိပ်လို‌ပြောရလျှင်  United states of Myanmar or Federal Union of Myanmar  ဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုး တစ်ခုတည်းဖြင့် ဥပမာ ဗမာ သို့မဟုတ် ချင်းလူမျိုး တစ်ခုတည်းွဖင့် တည်ထောင်တဲ့ တိုင်းပြည်မဟုတ်ပါဘူး။ ဤသို့ဖြစ်သည့်အားလျော်စွာ ယဉ်ကျေးမှု၊ စကား၊ စာပေ၊ အနုပညာ ပေါင်းစုံတည်ရှိသည့် နိုင်ငံတော်လည်း ဖြစ်ပါတယ်။ သို့ရာတွင် လွတ်လပ် ရေးရရှိသည့်နောက်ပိုင်း နှစ်ပေါင်း ၆၀ကျော်ကာလကို ပြန်လည်လေ့လာကြည့်တဲ့အခါ၊ ကျွန်တော်တို့ နိုင်ငံဟာ ပြည်ထောင်စုဟူသည့် နာမည်လောက်ကိုသာ သုံးစွဲနေပြီး လက်တွေ့မှာ  ပြည်ထောင်စု စစ်စစ်ရဲ့ အနှစ်သာရကို မခံစားရသေးပါဟု ခံယူထားသူ တိုင်းရင်းသားများရှိနေကြောင်း တွေ့ရှိရပါ တယ်။ ဤခံစားချက်နှင့် အမြင်ကို ပပျောက်အောင် သဘောထားကြီးစွာ စိတ်ရင်းစေတနာမှန်နှင့် ချဉ်းကပ်ဖြေရှင်းရန် အလွန်အရေးကြီးပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာတဲ့အခါ ဤအခြေခံဥပဒေကို လက်ခံတဲ့ တိုင်းရင်းသားများသည် ပါတီအသီးသီးဖွဲ့ကာ ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ပြီးမှ အနိုင်ရသူများက လွှတ်တော်အတွင်းသို့ ရောက်ရှိလာကြပါတယ်။ လွှတ်တော်အမတ်များဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို စောင့်ရှောက်ကာကွယ်ပြီး ဥပဒေပြုမည့်သူများ ဖြစ်သည့်အားလျော်စွာ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဆန့်ကျင်သည့်နည်းဥပဒေများကိုလည်း ဖော်ထုတ်ပြင်ဆင်ပေးရန် တာဝန်ရှိပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်သည့်နည်းဥပဒေနှင့် ပတ်သက်ပြီး ဤလွှတ်တော် က သိရှိအရေးယူသင့်သည့် အချက်တစ်ခုကို တင်ပြလို့ပါတယ်။ ဤကိစ္စသည် ဦးတင်ခွန်မြတ် တင် သွင်းတဲ့ တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေးကာကွယ်စောင်‌့ရှောက်သည့်ဥပဒေ ပြဋ္ဌာန်းရေးအဆို နှင့်ဆက်နွယ်နေသည့်အပြင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက်လည်း သော့ချက်တစ်ခု ဖြစ်တယ်လို့ ခံယူပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ တိုင်းရင်းသားရေးရာဝန်ကြီးများနှင့် ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်နေသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ပုဂ္ဂိုလ် များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေပုဒ်မ (၅)နှင့် ပုဒ်မ (၁၇)ပါ ပြဋ္ဌာန်း ချက်များသည် တိုင်းရင်းသားရေးရာဝန်ကြီးများကို တခြားတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီး များထက် အဆင့်နှိမ့်ချထားသည့် ပြဋ္ဌာန်းချက်များ ဖြစ်နေပါသဖြင့်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်းမရှိကြောင်း ၂၀၁၁ ဒီဇင်ဘာ လ (၁၄)ရက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက အနက်အဓိပ္ပါယ်ဖွင့်ဆိုခဲ့ပြီး ဖြစ်သော် လည်း နှစ်ဝက်ကျော် ယနေ့အထိ ဖွဲ့စည်းပုံံဥပဒေတွင် ပြဋ္ဌာန်း ထားသည့်အတိုင်း သက်ဆိုင်ရာမှ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း မရှိသေးကြောင်း အံ့ဩဖွယ် တွေ့ရှိရပါတယ်။ တိုင်းရင်းသားရေးရာ ဝန်ကြီးများသည် ရွေးကောက်ပွဲတွင် အထက်လွှတ်တော် အမတ်များကဲ့သို့ သက်ဆိုင်ရာ မဲဆန္ဒနယ် (၁)နယ်တွင်သာ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမဟုတ်ဘဲ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် မဲဆန္ဒနယ်အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရ ရှိ၍ ရွေးကောက် တင်မြှောက်ခံခဲ့ရသူများဖြစ်ပါသည်။ တာဝန်အရလည်း တိုင်းရင်းသားများ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ စာပေအနုပညာ ဖွံ့ဖြိုးတိုးတက်ရေး၊ ရိုးရာ ဓလေ့ထုံးတမ်းကို ထိန်းသိမ်းစောင်‌့ရှောက်ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေရေးစသည့် များမြောင်လှသော လုပ်ငန်းတာဝန်များကို ထမ်းဆောင် ကြရသူများ ဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ နိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာတွင် အခြေခံရန် အမျိုးသား ညီလာခံစုံညီအစည်းအဝေးများက ချမှတ်သည့်အခြေခံမူများနှင့် အသေးစိတ်အခြေခံရမည့်မူများ စာအုပ်၊ အခန်း (၅)၊ အုပ်ချုပ်ရေးအပိုဒ် ၂၅ စာမျက်နှာ ၁၃၇ အရ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးကို ပြည်ထောင်စု ဒုတိယဝန်ကြီးအဆင့် သတ်မှတ်ပါတယ်။ သို့ရာတွင် ဖော်ပြခဲ့သည့် အတိုင်း တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများဖြစ်သည့် တိုင်းရင်းသားရေးရာဝန်ကြီးများ သည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရသင့်ရထိုက်သည့် အခွင့်အရေးများကို ယနေ့ထက်တိုင် ရရှိခဲ့ခြင်း မရှိသေးပါ။ တချို့တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသားရေးရာဝန်ကြီးများသည် တိုင်းရင်းသား ပြည်သူများမှ ပေးပို့သည့်စာများ၊  တခြားအရေးကြီးစာများ လက်ခံရန် ရုံးလိပ်စာနှင့် ရုံးခန်းတောင်မရှိ၊ ဝန်ကြီးဖြစ်လျက်နှင့် ကိုယ်ရေးအရာရှိမရှိ၊ အစိုးရမှချပေးသည့် နေအိမ်လည်းမရှိ ဖြစ်နေကြပြီး၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကိုယ်ပိုင်အိမ်မရှိသူ တိုင်းရင်းသား ဝန်ကြီးများဆိုလျှင်၊ အခမဲ့ရရှိမည့် လျှပ်စစ်မီး၊ ရေနှင်‌့ တယ်လီဖုန်းလည်းမရ၊ နယ်လှည့်တာဝန်ထမ်း ဆောင်ရာတွင်လည်း ကိုယ့်စရိတ်နှင့် သွားနေရသည့်အပြင်၊ တည်းခိုရာနေအိမ် အတိအကျမရှိဘဲ ဧည့်သည်ဘဝနှင့် ဒုက္ခတွေ့နေရပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ ဤဖြစ်ရပ်မျိုးသည် ပထမအချက်အနေဖြင့်၊ တိုင်းရင်းသားရေးရာဝန်ကြီး များထက်တောင်မှ နိုင်ငံတော်အစိုးရအတွက် ဂုဏ်သိက္ခာကျစရာ ဖြစ်နေပါသည်။ ဒုတိယအချက် အနေဖြင့် နိုင်ငံတော်အစိုးရနှင့် အထူးသဖြင့် ဖွဲ့စည်းပုံအ‌ွခေခံဥပဒေအပေါ် တိုင်းရင်းသားပြည်သူ များ၏ ယုံကြည်မှုလျော့နည်းစေပါတယ်။ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင်‌့ ရှောက်ရာတွင်လည်းကောင်း၊ ဒို့တာဝန် အရေးသုံးပါးဖော်ဆောင်ရာတွင် လည်းကောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီထက်ပိုပြီး ပြည့်စုံအောင် ပြင်ဆင်သင့်သည်ဟု အမြင်ရှိနေသည့်ကြားထဲ၊ ရှိပြီးသားကိုတောင်မှ လိုက်နာကျင့် သုံးခြင်းမရှိပါက၊ ဖွဲ့စည်းပုံအခြေခံ ရေးဆွဲထားရှိခြင်းသည် အနက် အဓိပ္ပာယ်မရှိ၊ အပိုသက်သက်လိုဖြစ်နိုင်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ နောက်ဆုံးအနေဖြင့် တင်ပြရသော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြည်နယ် အစိုးရနှင့် ပြည်နယ်လွှတ်တော်များ သီးသန့်ရှိနေသော်ငြားလည်း ဇယား (၂)တွင်တွေ့ရှိသည့်အတိုင်း ပြည်နယ်လွှတ်တော်များ၏ ဥပဒေပြုပိုင်ခွင့်နှင့် ပြည်နယ်အစိုးရ၏ လုပ်ပိုင်ခွင့်များသည် နည်းနေသေး သည့်အခါ မိမိတို့နှင့်သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှု၊ စကား၊ စာပေနှင့် အနုပညာများ စောင်‌့ရှောက်မြှင့်တင်ရေးကို တာဝန်မယူနိုင်သည်‌့ အနေအထားတွင် ရှိနေကြပါတယ်။ သို့ဖြစ်ပါ၍ ပြည်နယ်လွှတ်တော်များတွင် တိုင်းရင်းသားလူမျိုးများရဲ့ အခွင်‌့အရေး ကာကွယ်စောင့် ရှောက်နိုင်သည့် ဥပဒေပြဋ္ဌာန်းပိုင်ခွင့်ပေးမည်ဆိုလျှင် တစ်မျိုး၊ သို့မဟုတ်ပါက ဤလွှတ်တော်က  အလေးအနက်ထားပြီး ဦးတီခွန်မြတ် တင်သွင်းသည့်အတိုင်း၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေကိုပြဋ္ဌာန်းဖို့ လိုကိုလိုအပ်နေပါသည်။ ဤဥပဒေပြဋ္ဌာန်းခြင်းအား ဖြင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို များစွာအကျိုးပြုနိုင်မည်ဟု ယုံကြည်ပါကြောင်း ဆွေးနွေး တင်ပြရင်း နိဂုံးချုပ်ပါတယ်ခင်ဗျား။ ကျေးဇူးတင်ပါတယ်။