Skip to main content

ဦးတီခွန်မြတ်၊ ကွတ်ခိုင် မဲဆန္ဒနယ်၏ တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးကာကွယ် စောင့်ရှောက်သည့် ဥပဒေပြဋ္ဌာန်းချက်အဆိုကို လွှတ်တော်ကိုယ်စားလှယ်များယနေ့ ဆက်လက်ဆွေးနွေး

ဦးလှမောင် (ချောင်းဆုံ မဲဆန္ဒနယ်)။       ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး နှင့် ကြွရောက်လာကြကုန်သော လွှတ်တော်ကိုယ်စားလှယ်ကြီးများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာလို့ ချမ်းသာကြကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သဂါရဝပြုအပ်ပါ တယ်ခင်ဗျား။  ကျွန်တော်ကတော့ မွန်ပြည်နယ်၊ ချောင်းဆုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှမောင် (ခ) ဦးနိုင်လှမောင် ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတီခွန်မြတ် တင်သွင်းတဲ့ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေပြဋ္ဌာန်းရေးအဆိုကို ထောက်ခံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။          လေးစားအပ်ပါသောဥက္ကဋ္ဌကြီးခင်ဗျား။ တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးနှင့် စပ်လျဉ်း၍ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအ‌ွခေခံဥပဒေမူကြမ်းမှာ တွေ့ရှိခဲ့တဲ့ ပုဒ်မများအနက်မှ ပုဒ်မ ၂၂ ကို ကောက်နှုတ် တင်ပြဆွေးနွေးသွားမည် ဖြစ်ပါတယ်။ ပုဒ်မ  ၂၂ တွင်  နိုင်ငံတော်သည် (က)တိုင်းရင်းသားများ၏ စကားစာပေ၊ အနုပညာ၊ ယဉ်ကျေးမှုတို့ကိုဖွံဖြိုးတိုးတက် စေရန် ကူညီဆောင်ရွက်မည်ဟူ၍လည်းကောင်း။ (ခ)တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ရေး ချစ်ကြည်လေးစားရေးနှင့် ရိုင်းပင်းကူညီရေးတို့ တိုးတက်ဖြစ်ထွန်းစေရန် ကူညီဆောင်ရွက်မည်ဟူ၍ လည်းကောင်း။ (ဂ) တိုးတက်ဖွံဖြိုးမှုနည်းပါးနေသည့် တိုင်းရင်းသားများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးစသည်တို့ ပါဝင်သော လူမှုစီးပွားဖွံဖြိုးတိုးတက်ရေးအတွက် ကူညီ ဆောင်ရွက်မည်ဟူ၍လည်းကောင်း ပြဋ္ဌာန်းထားရှိကြောင်း လေ့လာတွေ့ရှိရပါတယ်။ အထက်ဖော်ပြပါ ပုဒ်မ ၂၂ ပါ  အချက်အလက်များတို့သည် တိုင်းရင်းသားများတို့၏ လူမှုဘဝအချိုး ညီညီမျှမျှ၊ မျှမျှတတ တိုးတက်လာစေရေးအတွက် အဓိကကျသော အချက်များဖြစ်ကြ၍ မဖြစ်မနေ အလေးထား ဆောင်ရွက်ရမည့် ကိစ္စများလည်း ဖြစ်ကြပါသည်။ ၎င်းအချက်များကို ပြည့်စုံအောင်ဆောင်ရွက် ပေးနိုင်မှသာလျှင် ၁၃၅ မျိုးသော တိုင်းရင်းသားများတို့၏ လူမှုဘဝသည်လည်း အချိုးညီမျှတစွာ တိုးတြက်မင့်မားမည်လို့ ယုံကြည်ပါတယ်။ ဤသို့ တိုးတက်လာသည်နှင့်အမျှ တိုင်းရင်းသားများတို့ သည် နိုင်ငံရေးအမြင်၊ လူမျိုးရေးအမြင်များ ကျယ်ကျယ်ပြန့်ပြန့် တွေးခေါ်သိမြင် နားလည်လာသည့် အလျှောက် တိုးတက်သောနိုင်ငံတကာနှင့် ရင်ပေါင်တန်းလာနိုင်မည် ဖြစ်ပါတယ်။ ဤကဲ့သို့ နိုင်ငံအတွက် အဓိကလိုအပ်ချြက်ဖစ်သော ပုဒ်မ ၂၂ ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နိုင်ငံတော်က ကူညီဆောင်ရွက်မည်ဟု ဥပဒေတွင် ရေးသားဖော်ပြထားသော စကားရပ်သည် ကောင်းပင် ကောင်းငြားပါသော်လည်း လေးနြက်ခင်းမရှိလှပါကြောင်းနှင့် လုံလောက်မှုလည်း မရှိလှ သေးပါကြောင်း သုံးသပ်တင်ပြလိုပါတယ်။ အဘယ်ကြောင့်ဆိုသော် ကူညီဆောင်ရွက်မည်ဟု ဆိုသော စကားရပ်သည် မည်သည့်အတိုင်းအတာ ပမာဏဖြင့် ကူညီမည်ဟု တိကျစွာဖော်ပြထားွခင်းမရှိသော ကြောင့်ဖြစ်ပါသည်။ ပုဒ်မ ၂၂ သည် တိုင်းရင်းသားများအတွက်နှင့် နိုင်ငံအတွက်ပါ အထူးအရေးကြီး သော ဆောင်ရွက်ရန်ကိစ္စတစ်ရပ် ဖြစ်နေပါသဖြင့် တိုင်းရင်းသားအားလုံးတို့၏ အကျိုးဖြစ်ထွန်းစေရန်  ရည်ရွယ်၍လည်းကောင်း ကူညီဆောင်ရွက်မည်ဟုဆိုသည့် စကားရပ်အစား တာဝန်ခံဆောင်ရွက်ရ မည်ဟု ဖြည့်စွက်  ပြင်ဆင်မည်ဆိုပါက ပိုမိုသင့်တော် ပြည့်စုံမည်ဖြစ်ပါကြောင်း အကြံပြုတင်ပြအပ်ပါ တယ်။

လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ အခြေခံဥပဒေ ပုဒ်မ ၂၂ (က)  ဖြစ်သည့် နိုင်ငံတော် သည်  တိုင်းရင်းသားများ၏ စကား ၊စာပေ ၊ အနုပညာ၊ ယဉ်ကျေးမှုတို့ကို ဖွံဖြိုးတိုးတက်စေရန် ဆောင်ရွက်ပေးရေးကိစ္စ၊ ပုဒ်မ ၂၂ (ဂ) အရ တိုးတက်မှု နည်းပါးနေသေးသည့် တိုင်းရင်းသားများတို့၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး စသည်တို့ပါဝင်သော လူမှုစီးပွားရေး ဖွံဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးရန်ကိစ္စများကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရတို့မှ ဥပဒေရေးဆွဲပြီး တိုက်ရိုက်ဆောင်ရွက်ခွင့်ပြုမည်ဆိုပါက တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရတို့၏ ဆောင်ရွက်ရန်ကိစ္စများကို မျှတစွာွဖည့်ဆည်းပေးရာရောြက်ပီး ဆောင်ရွက်ရန် လိုအပ်သော ကိစ္စများကိုလည်း ထိရောက် လျှင်မြန်စွာဆောင်ရွက်ပေးနိုင်မည်ဟု ထင်မြင်ယူဆပါကြောင်း တင်ပြအပ်ပါတယ်။

လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ၂၀၁၁ ခုနှစ်၊ မတ်လ ၃၀ ရက် နေ့တွင် နိုင်ငံတော်သမ္မတကြီးမှ ပြည်ထောင်စုလွှတ်တော်မှာ ပထမဦးဆုံး မိန့်ကြားခဲ့သည့်မိန့်ခွန်းတွင် နိုင်ငံတော်အတွက် အရေးကြီးသောအင်အား ၃ ရပ်လိုပါကြောင်း ၎င်းတို့မှာ (၁ ) နိုင်ငံရေးအင်အား (၂) စီးပွားရေးအင်အား (၃) နိုင်ငံတော် ကာကွယ်ရေးအင်အားဟူ၍ဖြစ်ကြပြီး (၁) နိုင်ငံရေးအင်အား ဆိုသည်မှာ တိုင်းရင်းသားညီညွတ်ရေး ဖြစ်ပါကြောင်း လေ့လာမှတ်သားဖူးပါသည်။ ၎င်းအပြင်         ၃-၇-၂၀၁၂ ရက်နေ့မှာ နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေး၌ နိုင်ငံတော်သမ္မတ ‌ပြောကြား ခဲ့သော မေးခွန်းတွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို တိုင်းရင်းသားအားလုံး ပိုင်ဆိုင်ကြသည့် အတွက် တန်းတူရည်တူ ဆက်ဆံမှုနှင့် တန်းတူရည်တူအခွင့်အရေးရသင့်ကြပါကြောင်း။ တိုင်းရင်းသား တို့၏ တူညီသည့် အဓိကဆန္ဒ သည် ပြည်ထောင်စုအတွင်း တိုင်းရင်းသားလူမျိုးစုအားလုံး တန်းတူ ရည်တူဆက်ဆံမှုနှင့် တန်းတူညီမျှစွာ အခွင့်အရေး ရရှိရေးပင်ဖြစ်ပါကြောင်း ဟူ၍မိန့်ကြားခဲ့ပါတယ်။ သမ္မတကြီး၏ မိန့်ကြားချက်များကို လေ့လာပါက နိုင်ငံတော်အတွက် ဦးစွာပထမလိုအပ်နေသော ခွန်အားသည် တိုင်းရင်းသားညီညွတ်ရေးအားဖြစ်ကြောင်းနှင့် တိုင်းရင်းသားများ စည်းလုံးညီညွတ်ရေး တည်ဆောက်နိုင်ရန် ထိုက်သင့်သည့် အခွင့်အရေးကို မျှတစွာခံစားခွင့်ပြုရန်လိုအပ်ကြောင်း ဆန္ဒပြု ထားသည်ကို သုံးသပ်ရပါသည်။ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ မျိုးချစ် ခေါင်းဆောင်များ တိုင်းရင်းသားလူမျိုးစု အသီးသီးတို့ စုပေါင်းညီညွတ်မှု ခွန်အားနဲ့ နယ်ချဲ့တို့ကို တွန်းလှန်တိုက်ခိုက်နိုင်ခဲ၍ မြန်မာ့လွတ်လပ်ရေးကို ရခဲ့ကြပါပြီ။ နိုင်ငံတော် လွတ်လပ်ရေး၏ အခွင့်အရေးအသီးအပွင့်များတို့ကို တိုင်းရင်းသားအသီးသီးတို့က ဆတူ၊ မျှတူခံစားလိုကြမည် ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ တိုင်းရင်းသား အသီးသီးတို့သည် ၎င်းတို့မြတ်နိုး ချစ်ခင်သော  စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများကို တိုးတက်လာစေရေးအတွက် လွတ်လပ်စွာ ဆောင်ရွက်ခွင့်ပြုခြင်း၊ နိုင်ငံတော်က တာဝန်ခံခြင်း၊ တိုင်းရင်းသားနယ်ပယ်အသီးသီးရှိ မြန်မာ့သယံဇာတများကို အရင်းအနှီးပြု၍ ဆောင်ရွက်ရသော စီးပွားရေးလုပ်ငန်းများကို တိုင်းရင်းသားအသီးသီးတို့အား သင့်တင့်မျှတစွာ ခံစားခွင့်ပြုခြင်း၊ နယ်မြေ အုပ်ချုပ်ရေးတာဝန်များကို သတ်မှတ်ထားသည့် စည်းကမ်း၊စည်းမျဉ်းများွဖင့် ငြိမ်းချမ်းစွာစောင့်ရှောက်ခွင့်၊ အုပ်ချုပ်ထိန်းသိမ်းခွင့်ပြုခြင်းအားဖြင့် တိုင်းရင်းသားတို့၏ ညီညာ ပေါင်းစုသောအားကို စုစည်းပေါင်းစပ်နိုင်မည် ဖြစ်ပါတယ်။

လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ၃-၇-၂၀၁၂ ရက်နေ့က နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမဆောင်၌ သမ္မတကြီးမိန့်ကြားခဲ့သော မိန့်ခွန်းများအနက်မှ တိုင်းရင်းသား အခွင့် အရေးနှင့် စပ်လျဉ်းသည့် မိန့်ခွန်းကိုအနည်းငယ်ကောက်ယူတင်ပြလိုပါတယ်။ နိုင်ငံတော်စီးပွားရေး ပြုပြင်ပြောင်းလဲမှု အောင်မြင်စေရန်အတွက် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ခိုင်မာနေရန်လိုအပ်ပါ ကြောင်း။ အလားတူ နိုင်ငံရေးပြုပြင် ပြောင်းလဲမှုခိုင်မာရန်အတွက် တိုင်းရင်းသားပဋိပက္ခများ ပြေပျောက်ရမည် ဖြစ်ပါကြောင်း။ တိုင်းရင်းသား ပဋိပက္ခများ ပြေပျောက်စေရန် စီးပွားရေး အခွင့်အလမ်းများကို တန်းတူညီမျှ ဖန်တီးပေးရန်လိုအပ်ပါကြောင်း ဟူ၍လည်းကောင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပဋိပက္ခချုပ်ငြိမ်းအောင် ဆောင်ရွက်ရေး သည် နိုင်ငံတော်တည်ဆောက်ရေး၏ အခြေခံ အုတ်မြစ် ဖြစ်ပါကြောင်းဟူ၍ မိန်ကြားသွားပါတယ်။ နိုင်ငံတော်သမ္မတကြီး၏ မိန့်ကြားချက်ကို သုံးသပ်ပါလျှင် တိုင်းရင်းသားများနှင့် ပဋိပက္ခများ‌ပြေပျောက်ရန် တိုင်းရင်းသားများတို့၏ စည်းလုံးညီညွတ်ရေး ရရှိရန် တန်းတူညီမျှသော အခွင့်အရေးကိုဖန်တီးပေးစေလိုသော ဆန္ဒရှိကြောင်း ခန့်မှန်းတွေးဆနိုင်မည် ဖြစ်ပါတယ်။ လက်ရှိကချင်ပြည်နယ် ဒေသအတွင်းဖြစ်ပွားနေသော ပဋိပက္ခသည် တိုင်းရင်းသား အချင်းချင်း စည်းရုံးရေးပျက်ပြားစေသော လက္ခဏာတစ်ရပ် ဖြစ်ပါတယ်။ နိုင်ငံတော်သည် စစ်မှန်သော ဒီမိုကရေစီလမ်းကြောင်းကို အရှိန်အဟုန်ကြီးမားစွာနှင့် ကူးပြောင်းချီတက်နေသော ကာလတွင် ကချင်ပြည်နယ်၏ ပြည်တွင်းပဋိပက္ခများ ပေါ်ပေါက်နေခြင်းသည် အလွန်အရုပ်ဆိုး အကျဉ်းတန်လှပါတယ်။ ကချင်တိုင်းရင်းသားများနှင့် တပ်မတော်သားများ သေကြေပျက်စီးနေခြင်းသည် ကျွန်ုပ်တို့ တိုင်းရင်းသားများ နိုင်ငံသားများသေကြေပျက်စီးနေခြင်းသာ ဖြစ်ပါသည်။ ကချင်ပြည်နယ် ပျက်စီး ယိုယွင်းခြင်းသည် ကျွန်ုပ်တို့ နိုင်ငံတော်အစိတ်အပိုင်း ပျက်စီးယိုယွင်းမှုပင် ဖြစ်ပါတယ်။ တင်းမာမှုကို အဘယ့်ကြောင့် မလျော့ချနိုင်သည့် ဖြစ်စဉ်ကို တိတိကျကျမသိသော်ငြားလည်း  နှစ်ဘက်စလုံးမှ သဘောထားကြီးစွာဖြင့် တင်းမာမှုများ ဖြေလျော့ပါမှ ပျော့ပြောင်းတဲ့လမ်းကြောင်း လမ်းကောင်း ပေါ်ပေါက်လာနိုင်မည်ဟု ယုံကြည်ပါတယ်။

လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ နိုင်ငံတော်အစိုးရမှ အပစ်အခတ်ရပ်စဲရေး ကြေညာ ပြီး ယခင်တပ်တည်ရာတွင် နေရာယူ၍ ငြိမ်းချမ်းရေးကို ဆွေးနွေးလျှင် နိုင်ငံတော်သမ္မတ၏ ရည်မှန်း ချက်ကို ဖြည့်ဆည်းနိုင်မည်ဖြစ်သလို တိုင်းရင်းသားတို့၏ အခွင့်အရေးကာကွယ် စောင့်ရှောက်မှုကိုလည်း အထောက်အကူ ဖြစ်နိုင်မည်ဟုယူဆပါတယ်။ သို့ဖြစ်ပါ၍ ဦးတီခွန်မြတ် တင်သွင်းသော တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒကိုတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပေါ် အခြေခံပြီးရေးဆွဲ ပြဋ္ဌာန်းရန်အတွက် လေးစားစွာထောက်ခံတင်ပြအပ်ပါတယ် ခင်ဗျား။ ကျေးဇူးတင်ပါတယ်။