Skip to main content

ဦးဝင်းမြင့် ပုသိမ်မဲဆန္ဒနယ် မှ (Good Governance) ကောင်းမွန်သောအုပ်ချုပ်ရေး၊ (Clean Government) သန့်ရှင်းသောအစိုးရဖြစ်ပေါ်စေရေး အတွက် အဆိုတစ်ခုတင်သွင်း

      လေးစားအပ်တဲ့ လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ တက်ရောက်လာကြတဲ့ ပုဂ္ဂိုလ်များအားလုံးမင်္ဂလာပါလို့ ဦးစွာပထမ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ ပုသိမ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့် ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ (Good Governance) ကောင်းမွန်သောအုပ်ချုပ်ရေး၊ (Clean Government) သန့်ရှင်းသောအစိုးရဖြစ်ပေါ်စေရေး အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ ဝင်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များအဖြစ် တာဝန်ပေးအပ်ခံရသူ များသည် ၎င်းတို့ရဲ့ရွှေ့‌ွပောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းနှင့် အကျိုးစီးပွားများကို ထုတ်ဖော်ကြေညာပြီး မှတ်တမ်းတင်ထားရန်အဆိုကိုတင်သွင်းမှာဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတကြီးက မိမိတို့အစိုးရဟာ ကောင်းမွန်တဲ့အုပ်ချုပ်ရေး (Good governance)ကို ဖော်ဆောင်လျှက်ရှိပါတယ်။ သန့်ရှင်းတဲ့အစိုးရ (Clean government) ဖြစ်ဖို့ ဆောင်ရွက်လျက်ရှိပါတယ်လို့ပြောကြားခဲ့ပါတယ်။ အလွန်မွန်မြတ်တဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။ တိုင်းသူပြည်သားများကလည်း မေ်ျှာလင့်စောင့်စားလျက် ရှိကြပါတယ်။ နိုင်ငံတော်ဖွံဖြိုးတိုးတက်ရေးအတွက် အမှန်တကယ်အရေးတကြီးလိုအပ်ချက်လည်း ဖြစ်ပါတယ်။ ဒီမိုကရေစီကျင့်စဉ်နဲ့လည်း လိုက်လျောညီထွေလည်းရှိပါတယ်။ ပြည်သူလူထုအကျိုးကို သယ်ပိုးရာမှာကျင့်ထုံးတစ်ခုဖြစ်လာပါမယ်။ ဒါ့ကြောင့် ကျွန်တော့်အနေနဲ့ ဒီအဆိုကိုတင်သွင်းရခြင်း ဖြစ်ပါတယ်။ လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ အစိုးရဆိုတာ ပြည်သူ့ ကိုယ်စား ပြည်သူတို့ကအပ်နှင်းထားတဲ့ အုပ်ချုပ်ရေးအာဏာကို ပြည်သူတို့အကျိုးအတွက် ထမ်းဆောင်ကြသူများဖြစ်ပါတယ်။ ထိုပုဂ္ဂိုလ်တို့ရဲ့ပွင့်လင်းမြင်သာမှု (Transparency) ၊ တာဝန်ခံမှု (Accountability) တို့ဟာ တိုင်းပြည်တစ်ခုရဲ့အနာဂတ်လည်းဖြစ်ပါတယ်။ ကောင်းမွန်တဲ့အုပ်ချုပ်ရေး နှင့် သန့်ရှင်းတဲ့အစိုးရဖြစ်ဖို့ဆိုရင် ဒီမိုကရက်တစ်ထိန်းကျောင်းမှုများ (Democratic Check and Balance) ရှိဖို့လိုပါတယ်။ ဒီမိုကရေစီနိုင်ငံများမှာ ယခုကဲ့သို့ထုတ်ဖော်ကြေညာပြီး မှတ်တမ်းတင် ထားွခင်းဟာ ယဉ်ကျေးမှုတစ်ရပ်ဖြစ်ပါတယ်။ အစိုးရတစ်ရပ်ကို လမ်းကြောင်းမှန်ပေါ်မှတိမ်းချော် မသွားစေရန် ထိန်းကျောင်းပေးမှုလည်းဖြစ်ပါတယ်။

   အစိုးရအဖွဲ့နှင့် ပြည်သူလူထုအကြား ပွင့်လင်းမြင်သာမှုရှိခြင်း ၊ တာဝန်ခံမှုရှိခြင်းတို့ကြောင့် ယုံကြည်မှုရှိလာမှာဖြစ်ပါတယ်။ ယုံကြည်မှုရှိလာသည်နှင့်အမျှ အစိုးရအဖွဲ့ရဲ့လုပ်ငန်းများမှာ ပြည်သူ လူထုပူးပေါင်းပါဝင်ဆောင် ရွက်မှုရှိလာမှာဖြစ်ပါတယ်။ အစိုးရတစ်ရပ်ဟာ ပြည်သူများရဲ့ယုံကြည်မှုနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှုအပေါ်မှာမူတည်နေပါတယ်။ တိုင်းပြည်ရဲ့မည်သည့်အရေးကိစ္စများတွင် မဆို ပြည်သူလူထုရဲ့ လွတ်လပ်တဲ့စိတ်ဆန္ဒအရ ပူးပေါင်းပါဝင်ဆောင်ရွြက်ခင်းမရှိပါက မည်သို့မျှ အောင်မြင်မှုမရနိုင်ပါ။ ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ အားကောင်းလာသည်နှင့်အမျှ ပြည်သူလူထုက ဥပဒေကိုလေးစားလိုက်နာမှု၊ အုပ်ချုပ်ရေးအဖွဲ့အပေါ်ကျေနပ် အားရမှုတို့တိုးပွား လာမှာွဖစ်ပါတယ်။ နိုင်ငံသားတာဝန် (Civic Duty ) ကိုလည်း ကျေပွန်စွာထမ်းဆောင်ကြမှ ဖြစ်ပါတယ်။ ဒီအခါမှာ နိုင်ငံဖွံဖြိုးတိုးတက်ပြီး ဒီမိုကရက်တစ်တန်ဖိုးများ ( Democratic Values) လည်း မြင့်မားလာမှာွဖစ်ပြီး စစ်မှန်တဲ့ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက်နိုင်မှာွဖစ်တဲ့အတွက် ဒီအဆိုကိုတင်သွင်းအပ်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။