Skip to main content

တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ် စောင့်ရှောက်သည့်ဥပဒေပြဋ္ဌာန်းရေး အဆိုကို ဦးကျော်သီဟမှ ထောက်ခံဆွေးနွေးခြင်း

            လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် တိုင်းရင်းသားညီအစ်ကို မောင်နှမ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အပေါင်းတို့ ခင်ဗျား။ ကျွန်တော် ပြင်ဦးလွင်မဲဆန္ဒနယ်မှ ဦးကျော်သီဟ ဖြစ်ပါတယ်။ ကျွန်တော် ဦးတီခွန်မြတ်၊ ကွတ်ခိုင်မဲဆန္ဒနယ်က အဆိုတင်သွင်းတဲ့ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ် စောင့်ရှောက်သည့်ဥပဒေပြဋ္ဌာန်းရေး အဆိုကို ထောက်ခံဆွေးနွေးမှာ ဖြစ်ပါတယ်။ လေးစားအပ်ပါတဲ့ တိုင်းရင်းသားညီအစ်ကို မောင်နှမ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အပေါင်းတို့ခင်ဗျား။ နိုင်ငံတိုင်း မှာ နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေတွေ ရှိကြပါတယ်။ အလုပ်သမားလူတန်းစားအတွက်လည်း အလုပ်သမားလူတန်းစား၊ အလုပ်သမားတွေရဲ့ အခွင့်အရေး တွေကို ကာကွယ်စောင့်ရှောက်တဲ့ဥပဒေဆိုတာ တောင်းကြပါတယ်။ တောင်သူလယ်သမား လူတန်းစားမို့လို့လည်း တောင်သူလယ်သမားအခွင့်အရေးကို ကာကွယ်စောင့်ရှောက်တဲ့ဥပဒေတွေ တောင်းကြပါတယ်။ ထို့နည်း၎င်းပဲ ကျွန်တော်တို့ နိုင်ငံအတွင်းမှာ တိုင်းရင်းသားလူမျိုးတွေက လည်းပဲ ကျွန်တော်တို့ တိုင်းရင်းသား ဗမာဟာလည်းပဲ တိုင်းရင်းသားမျိုးနွယ်စုထဲက တိုင်းရင်းသား တစ်ခု ဖြစ်ပါတယ်။ အဲဒီတော့ တိုင်းရင်းသားလူမျိုးများ အခွင့်အရေးကာကွယ်စောင့်ရှောက်တဲ့ဥပဒေ တစ်ရပ်ပြဋ္ဌာန်းပေးဖို့အတွက် တိုင်းရင်းသားကိုယ်စားလှယ်ကနေပြီးတော့ တင်သွင်းတာကို တိုင်းရင်းသားအများစု ကျွန်တော်တို့ ဗမာအပါအဝင် တိုင်းရင်းသားအများစုက ရှေ့ကထောက်ခံ ဆွေးနွေးသွားတာကို ကျွန်တော့်အနေနဲ့လည်း ထောက်ခံပါတယ်။ ကျွန်တော့်အနေနဲ့ အများကြီး ရှည်ရှည်ဝေးဝေး ဆွေးနွေးမှာ မဟုတ်ပါဘူး။ ကျွန်တော် ဒီ ထောက်ခံနေတဲ့ ကျွန်တော်တို့ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ ပါတဲ့အတိုင်းပါပဲ ယနေ့တိုင်းရင်းသားလူမျိုးနွယ်စုတွေ တင်တဲ့အဆိုဟာ ဘာဖြစ်လို့ တိုင်းရင်းသားအခွင့်အရေးကို တောင်းဆိုနေရသလဲဆိုတာ မရလို့ပါ။ တိုင်းရင်းသား အခွင့်အရေးတွေ မညီမျှလို့ပါလို့ တိုင်းရင်းသားတွေအပြောအဆိုအရ သိနိုင်ပါတယ်။ ဘယ်နေရာမှာ တန်းတူညီမျှ အခွင့်အရေးမရတာလည်းဆိုရင် ပြည်သူ့ဝန်ထမ်း ထမ်းဆောင်မှုမှာ တူညီတဲ့အခွင့်အရေး တွေ၊ အလုပ်လုပ်ကိုင်တဲ့အခါမှာ  တူညီတဲ့အခွင့်အရေးတွေ၊ ကုန်သည်ရောင်းဝယ်ဖောက်ကားမှုတွေမှာ လည်းပဲ တူညီတဲ့အခွင့်အရေးတွေ၊  စီးပွားရေးလုပ်ငန်းလုပ်ကိုင်မှုမှာလည်း တူညီတဲ့အခွင့်အရေးတွေ၊ ဝိဇ္ဇာပညာ၊ သိပ္ပံပညာနဲ့ နည်းပညာရပ်မှာ  ရှာဖွေဖော်ထုတ်မှုမှာလည်း တူညီတဲ့အခွင့်အရေးတွေ ရှိရမယ်ဆိုပြီး ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။  တတ်နိုင်သလောက် ကျွန်တော်တို့ အခွင့်အရေးတွေမှာ ကျွန်တော်တို့ မညီမျှတာတွေ၊ မရတဲ့အခွင့်အရေးတွေမှာ မရတဲ့အချိန်မှာ တိုင်းရင်းသားလူမျိုးစုတွေက တောင်းဆိုပါတယ်။

           လေးစားအပ်ပါတဲ့ တိုင်းရင်းသားညီအစ်ကို မောင်နှမ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အပေါင်းတို့ခင်ဗျား။ ကျွန်တော်တို့ ပြည်ထောင်စုစိတ်ဓာတ်၊ ပင်လုံစိတ်ဓာတ် အ‌ွခေခံထားပြီး တိုင်းရင်းသားလူမျိုးစုအားလုံး လက်တွဲညီညီ ခိုင်ခိုင်မာမာနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီးကို ရောက်ဖို့ကတော့ ကျွန်တော်တို့ တိုင်းရင်းသား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အပေါင်း အားလုံး ညီညီမျှမျှနဲ့ ဒီအခွင့်အရေး၊ တိုင်းရင်းသားအခွင့်အရေးကို ကျွန်တော်တို့ ပြဋ္ဌာန်းပေးနိုင်တယ်ဆိုရင် ကျွန်တော်တို့ စစ်မှန်တဲ့ဒီမိုကရေစီ ငြိမ်းချမ်းသာယာတဲ့ ကျွန်တော်တို့ ဒီမိုကရေစီနိုင်ငံတော်ကြီးကို ရောက်မှာမလွဲဧကန်ဖြစ်ပါတယ်။ အဲဒီအတွက် ဒီအဆိုကို ထောက်ခံပါတယ်။ ကျွန်တော် ပြည်သူ့ လွှတ်တော်ထဲကို ရောက်လာတဲ့အချိန်မှာ ကျွန်တော့်စိတ်ထဲမှာလည်း အင်မတန်ဝမ်းသာပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသား လူမျိုးနွယ်စုအပေါင်းဟာ ဒီလောက်များများ တစ်နေရာထဲမှာ ကျွန်တော်တို့ နိုင်ငံအတွက် စုပြီးတော့မှ တွေ့ရတဲ့ ကိုယ့်စိတ်ထဲမှာ ရင်ထဲမှာ ခံစားချက်တွေကို ပွင့်ပွင့် လင်းလင်း ကျွန်တော်တို့ လွှတ်တော်ထဲမှာ ပြောခွင့်ရတာလည်းပဲ ကျွန်တော် ဒီနေရာမှာပဲ မြင်ဖူးပါ တယ်။ အဲဒီအတွက်လည်းပဲ လွှတ်တော်ကို ကျွန်တော် အင်မတန် ဂုဏ်ယူဝမ်းသာစွာနဲ့ ကျွန်တော် တက်ရောက်နေခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့အခု တက်ရောက်လာတဲ့ ပြည်သူ့လွှတ်တော်မှာ ရှိနေ တဲ့ တိုင်းရင်းသားကိုယ်စားလှယ် အများစုဟာ လွှတ်တော်ထဲမှာ ရောက်နေတဲ့အချိန်ထဲက ကိုယ်စား ပြုတာလည်း တိုင်းရင်းသားအဖွဲ့အစည်းတော်တော်များများကို ကိုယ်စားပြုတယ်လို့ မြင်ပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အပေါင်းတို့ခင်ဗျား။ ကျွန်တော် ဒီလွှတ်တော်အတွင်းမှာ ရောက်ရှိ နေတဲ့ တိုင်းရင်းသားလူမျိုးအားလုံး ကျွန်တော်တို့ ဗမာအပါအဝင် အားလုံးဟာ ဒီလို လွတ်လွတ် လပ်လပ်နဲ့ ဒီလို ဆွေးနွေးပြီးတော့မှ ကျွန်တော်တို့ အဆို ပြဋ္ဌာန်းနိုင်တဲ့အတွက် တောင်းဆိုနိုင်တဲ့ အတွက်လည်းပဲ ကျွန်တော်တို့ လွှတ်တော်ဥက္ကဋ္ဌကြီးနဲ့ တိုင်းရင်းသား ကိုယ်စားလှယ်အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် ဒီအဆိုကို ဒီပြဋ္ဌာန်းနိုင်ဖို့ အတွက် ၂၀၁၅ မတိုင်ခင်အချိန်အတွင်းမှာ ကျွန်တော်တို့ တိုင်းရင်းသားတွေအားလုံး လက်တွဲညီညီနဲ့ သေသေချာချာ ရေးထိုးနိုင်ခဲ့ရင် ကျွန်တော် တို့အတွက် ဒီအဆို၊ ဒီဥပဒေ ပြဋ္ဌာန်းလာနိုင်ခဲ့ရင်လည်းပဲ ကျွန်တော်တို့ ငြိမ်းချမ်းသာယာတဲ့ ကျွန်တော် တို့ နိုင်ငံကြီးခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ကျွန်တော်တို့ နိုင်ငံတော်ကြီး ဖြစ်မယ်ဆိုတာကို ကျွန်တော် ထောက်ခံဆွေးနွေးရင်း နိဂုံးချုပ်ပါရစေ။