Skip to main content

ပြည်သူ့လွှတ်တော်ဥက္ကဌနှင့် ချက်သမ္မတနိုင်ငံ ပထမ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E Mr.Karel Schwarzenberg ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံ

         ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ချက်သမ္မတနိုင်ငံ ပထမဒုတိယဝန်ကြီးချုပ်နှင့်င်ငံခြားရေးဝန်ကြီး H.E Mr.Karel Schwarzenberg ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့သည် ယနေ့ မွန်းလွဲ ၂ နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဇမ္ဗူသီရိအဆောင် ဧည့်ခန်းမ၌ တွေ့ဆုံကြသည်။

<--break->

          ယင်းသို့ တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်အတူ ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ပြည်သူ့လွှတ်တော် ကော်မတီများမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ တက်ရောက်ကြပြီး ဧည့်သည်တော် H.E Mr. Karel Schwarzenberg နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံ သံရုံးမှ တာဝန်ရှိသူများ၊ ချက်သမ္မတနိုင်ငံမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။

          ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးက အခုလို လာရောက်လည်ပတ်တဲ့အတွက် ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးကို အသိအမှတ်ပြုသလို လာရောက်ဂုဏ်ပြုအားပေးတယ်လို့ ကျွန်တော်တို့ မှတ်ယူပါကြောင်း၊ တစ်ချိန်က ချက် နိုင်ငံနဲ့ မြန်မာနိုင်ငံ အင်မတန်မှ ရင်းနှီးပြီးတော့ ပူးပေါင်းဆောင်ရွက်မှု များစွာရှိခဲ့တဲ့ နိုင်ငံဖြစ်ပါကြောင်း၊ ထိုအချိန်က ချက်ကိုဆလို ဗားကီးယားနိုင်ငံဖြစ်ပြီးတော့ မြန်မာနိုင်ငံကလည်း ဆိုရှယ်လစ် စီးပွားရေး စနစ်ကို ကျင့်သုံးခဲ့တဲ့ နိုင်ငံများ ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံ ပြည်သူများ အပြန်အလှန် လေးစားမှု၊ နှစ်နိုင်ငံ အစိုးရ ပူးပေါင်းဆောင်ရွက်မှုတွေ များစွာ ရှိခဲ့ကြကြောင်း၊ ယင်းအချိန်က ချက်ကိုဆလိုဗားကီးယားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို ရင်းနှီးမြှပ်နှံမှု၊ အခြားစီးပွားရေးပူးပေါင်းဆောရွက်မှုနဲ့ အကူညီများစွာလည်း ပေးခဲ့ကြောင်း၊ သို့ပါသော်လည်း မြန်မာနိုင်ငံရဲ့နိုင်ငံရေး အခြေအနေနဲ့ ဖြစ်ပေါ် နေသော အခြေအနေအရ ချက်ပြည်သူ့သမ္မတနိုင်ငံနဲ့ မြန်မာနိုင်ငံဟာ ဆက်ဆံရေး ကျဲပါးခဲ့ကြောင်း၊ ယခုအချိန် မြန်မာနိုင်ငံကလည်း ပြုပြင်ပြောင်းလဲရေးတွေ ဆောင်ရွက်ပြီး ချက်နိုင်ငံနှင့် ဆက်ဆံရေး ပုံမှန်အနေအထား ရောက်ရှိနေပြီဖြစ်ကြောင်း၊  ဒါကြောင့် မြန်မာနိုင်ငံနဲ့ ချက်နိုင်ငံတို့ ရှေ့ဆက်ပြီးတော့ ပူးပေါင်းဆောင်ရွက်ရေး၊ ရင်းနှီးမြှပ်နှံမှုနှင့် အခြားကိစ္စရပ်များပါ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားသည်။

Mr.Karel Schwarzenberg က မြန်မာနိုင်ငံနှင့် ယခင်က ဆက်ဆံရေး အင်မတန်ကောင်းမွန်ခဲ့ပြီး ၁၉၈၉  နောက်ပိုင်းမှသာ ဆက်ဆံရေး ကျဲသွားခဲ့ရခြင်းဖြစ်ကြောင်း၊ ယခု ပုံမှန်ဆက်ဆံရေးသို့ ပြန်လည်ရောက်ရှိပြီ ဖြစ်သောကြောင့် မြန်မာနိုင်ငံသို့ ရင်းနှီးမြှပ်နှံမှုများ လာရောက်ပြုလုပ်မည်ဖြစ်ကြောင်း၊ မြန်နမာကျောင်းသားများအတွက် ဘူမိဗေဒကျောင်းသားများကိုလည်း Scholarship ပညာသင်ဆု ပေးအပ်ရန်ရှိကြောင်းနှင့် လွှတ်တော်တွင် ဥပဒေပြုရေးနှင့် ပတ်သက်ပြီး သိရှိလိုသည်များ မေးမြန်းခဲ့ရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြန်လည်ဖြေကြား ဆွေးနွေးခဲ့သည်။