Skip to main content
ဒုတိယအကြိမ်

အမည်

ဦးခင်မောင်သီ

အခြားအမည်

သားကြီး

လူမျိုး/ဘာသာ

ရှမ်း/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၃/လလန(နိုင်)၀၀၅၇၇၁

မွေးသက္ကရာဇ်/အသက်

၂၄.၄.၁၉၅၉/(၅၆)နှစ်

မွေးဖွားရာဇာတိ

လွိုင်လင်မြို့

ပညာအရည်အချင်း

၁၀ တန်း

လက်ရှိအလုပ်အကိုင်

ကုန်သည်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ လွိုင်လင်မြို့နယ်

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးခင်မောင်မောင် (ကွယ်လွန်)၊ N.Y.H.E-၁၃၆၆၂၆

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်သိန်းစိန်၊ ၁၃/လလန(နိုင်)၀၀၅၇၇၀၊ပညာရေး(ငြိမ်း)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

မရှိပါ

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

မရှိပါ

အမြဲတမ်းနေရပ်လိပ်စာ

တ/၉၀၊ ဗိုလ်ချုပ်လမ်း၊ ရပ်ကွက်(၄)၊ လွိုင်လင်မြို့၊ ရှမ်းပြည်နယ်(တောင်ပိုင်း)

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၊လွိုင်လင်မြို့နယ်

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ လွိုင်လင်မြို့နယ်  (ဒုတိယ အကြိမ်ကိုယ်စားလှယ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

သူငယ်တန်းမှ နဝမတန်း(သိပ္ပံ)အောင်မြင်သည်အထိ အ.ထ.က (၂) လွိုင်လင်မြို့တွင်တက်ရောက်ခဲ့ပြီး ဒသမတန်း(သိပ္ပံ) လူငယ်ရေးရာကျောင်း၊ လွိုင်လင်မြို့ ပြင်ပကျောင်းတွင် ပညာသင်ကြားဖြေဆိုခဲ့ပါသည်။
         ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်ပါသည်။
        ၁၉၈၈ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ လွိုင်လင်မြို့နယ်၊ ရပ်ကွက်(၄) ရ.ဝ.တ၊ ရ.ယ.က အရံအဖွဲ့ဝင်၊ နယ်မြေမှူး(၂)အုပ်စုမှူး၊ လွိုင်လင်မြို့သမိုင်းဝင်မွေတော် ဖျီဖျဘုရားဂေါပကအဖွဲ့ ငွေထိန်းတာဝန်တို့ကိုထမ်းဆောင်ခဲ့ပါသည်။
        ၂၀၀၄ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ အမျိုးသားညီလာခံ တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်အနေဖြင့် တက်ရောက်ခဲ့ပါသည်။ ၂၀၀၈ ခုနှစ် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ လွိုင်လင်ခရိုင်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက် ခဲ့သည်။ လွိုင်လင်ခရိုင် ပြည်ခိုင်ဖြိုးအသင်း ခရိုင်အလုပ်အမှုဆောင်တာဝန်၊ ၂၀၁၀ မှ ၂၀၁၃ ခုနှစ်အထိ ပြည်ခိုင်ဖြိုးပါတီ ခရိုင်ကော်မတီဝင်တာဝန်နှင့် ၂၀၁၃ ခုနှစ်မှ ယခုအထိ ပြည်ခိုင်ဖြိုးပါတီ အရံဗဟိုကော်မတီဝင်တာဝန်တို့ကို ထမ်းဆောင်လျက်ရှိသည်။ ၃၁.၁.၂၀၁၁ မှ ယခုအချိန်အထိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ လွိုင်လင်မြို့နယ်၊ ၈.၁၁.၂၀၁၅ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် လွိုင်လင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အနိုင်ရ ရွေးကောက် တင်မြှောက်ခြင်းခံရပါသည်။