Skip to main content

ပြည်သူ့လွှတ်တော်ကို ကိန်းဂဏန်းအခြေပြုချဉ်းကပ်ခြင်း သုတေသနစာတမ်း အမှတ် (၁)

 

ပြည်သူ့လွှတ်တော်ကို ကိန်းဂဏန်းအခြေပြုချဉ်းကပ်ခြင်း သုတေသနစာတမ်း အမှတ် (၁)
(ဒုတိယအကြိမ်၊ပြည်သူ့လွှတ်တော်ပထမပုံမှန်အစည်းအဝေးမှဒုတိယပုံမှန်အစည်းအဝေးထိ  
မေးခွန်းများနှင့် အဆိုများလေ့လာချက်)
ပထမပုံမှန်အစည်းအဝေး    (၁.၂.၂၀၁၆ မှ ၁၀.၆.၂၀၁၆)   ထိ
ဒုတိယပုံမှန်အစည်းအဝေး     ( ၂၅.၇.၂၀၁၆   မှ   ၇.၁၀.၂၀၁၇၆ )  ထိ

ပြည်သူ့လွှတ်တော်ကို ကိန်းဂဏန်းအခြေပြုချဉ်းကပ်ခြင်း သုတေသနစာတမ်းတို

နိဒါန်း၁။ လွှတ်တော် (Parliament) သည် နိုင်ငံတစ်နိုင်ငံ၏ ဥပဒေပြုအာဏာရှိသော အဖွဲ့အစည်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ ယနေ့ဥပဒေပြုရေးမဏ္ဏိုင်တွင် ပြည်သူ့လွှတ်တော်၏ အခန်းကဏ္ဍ သည်လည်း တစ်ထောင့်တစ်နေရာမှ ပါဝင်နေပါသည်။ ပြည်သူ့လွှတ်တော်ရုံး၏ သုတေသန အစီရင်ခံစာ စာတမ်းသည် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ ဒုတိယပုံမှန်အစည်းအဝေးထိ မေးခွန်းများနှင့် အဆိုများကို လေ့လာချက်အစီရင်ခံစာများဖြစ်ရာ မေးခွန်းမေးမြန်းမှုနှင့် အဆိုတင်သွင်းမှုအခြေအနေများကို နေ့စဉ်သုတေသနပြု၍ လေ့လာထား ပါသည်။
 

ရည်ရွယ်ချက်၂။ ပြည်သူ့လွှတ်တော်၏ အခြေနေအရပ်ရပ်ကို စောင့်ကြည့်လေ့လာရာတွင် ပြည်သူ့ လွှတ်တော်၏အင်္ဂါရပ်များဖြစ်သည်။ ကိုယ်စားပြုခြင်း၊ ဥပဒေပြုခြင်း၊ အစိုးရအားထိန်းကျောင်း စိစစ်ခြင်းတို့သည် စွမ်းဆောင်နိုင်သော အချက်အလက်များပေါ်တွင် အကဲဖြတ်နိုင်ရန်ဖြစ်ပါ သည်။ ထိုသို့အချက်အလက်များကိုကောက်ယူရာမှ ပြည်သူ့လွှတ်တော်၏လုပ်ငန်းဆောင်ရွက် ချက်အဆင့်ဆင့်များအား သိရှိနားလည်စေရန်နှင့် ဥပဒေပြုမှု၊ မေးခွန်းမေးမြန်းမှုနှင့် အဆိုတင်သွင်းမှုတို့ကို ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်း ရှိ/မရှိ တိုင်းတာနိုင်မည့် အကျိုးရလာဒ်များ ထွက်ပေါ်လာမည်ဖြစ်သည်။ ပြည်သူ့လွှတ်တော်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များ၏ ပမာဏများပြားလာသည်နှင့်အမျှ လွယ်ကူစွာရှာဖွေမှီငြမ်းနိုင်ရန်အတွက် ကိန်းဂဏန်းများနှင့် ရည်ညွှန်းကိန်းများကို သုတေသနစာတမ်းတိုအဖြစ် ပြုစုတင်ပြခြင်းဖြစ်ပါသည်။

ပြည်သူ့လွှတ်တော်၊ ဒုတိယအကြိမ် ပထမပုံမှန်အစည်းအဝေးမှ ဒုတိယပုံမှန်အစည်းအဝေး ထိ မေးမြန်းတင်သွင်းသော မေးခွန်းနှင့် အဆိုများကိုလေ့လာခြင်း
၃။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၁၆ ခုနှစ် ဇွန်လ ၁၀ ရက်နေ့အထိ ၄၃ ရက် ကျင်းပခဲ့ကြောင်း သိရှိရပါသည်။ ပထမပုံမှန်အစည်းအဝေးအတွင်း ကြယ်ပွင့်ပြ မေးခွန်းပေါင်း (၈၃) ခု မေးမြန်းခဲ့သည့်အတွက် ထိုကာလအတွင်း ပျမ်းမျှအားဖြင့်တစ်ရက်လျှင် မေးခွန်း ၂ ခု မေးမြန်းခဲ့ခြင်းဖြစ်ပါသည်။


ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကို ၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့မှ ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့ထိ ၄၇ ရက် ကျင်းပခဲ့ကြောင်း သိရှိရ ပါသည်။ ဒုတိယပုံမှန်အစည်းအဝေးအတွင်း ကြယ်ပွင့်ပြမေးခွန်းပေါင်း (၂၂၅) ခု မေးမြန်းခဲ့သည့် အတွက် ထိုကာလအတွင်း ပျမ်းမျှအားဖြင့်တစ်ရက်လျှင် မေးခွန်း ၅ ခု မေးမြန်းခဲ့ခြင်းဖြစ်ပါ သည်။


ပြည်သူ့လွှတ်တော်၊ ဒုတိယအကြိမ်ပထမပုံမှန်အစည်းအဝေးမှ ဒုတိယပုံမှန် အစည်းအဝေး ထိ ကြယ်ပွင့်ပြမေးခွန်း(နှုတ်ဖြေ)၊ ကြယ်ပွင့်ပြမေးခွန်း(စာဖြေ)တို့၏အရေအတွက်နှင့် ရက်ပေါင်း
 

၄။ ပြည်သူ့လွှတ်တော် ဒုတိယအကြိမ် ပထမပုံမှန်အစည်းအဝေးမှ ဒုတိယပုံမှန်အစည်းအဝေး ထိ ကြယ်ပွင့်ပြမေးခွန်း အရေအတွက်နှင့် ရက်ပေါင်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်ပထမပုံမှန်အစည်းအဝေးမှ ဒုတိယပုံမှန်အစည်းအဝေးထိ  မေးခွန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေ

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်ပထမပုံမှန်အစည်းအဝေးကာလအတွင်း ကြယ်ပွင့်ပြ မေးခွန်းများ မေးမြန်းခဲ့သည့် အမျိုးသမီးကိုယ်စားလှယ်ဦးရေ
၅။    ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းခဲ့သည့် အမျိုးသမီးကိုယ်စားလှယ်ဦးရေများမှာ-

ဒုတိယအကြိမ်ပထမပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းခဲ့သည့် အမျိုးသမီး ကိုယ်စားလှယ်ဦးရေ (၁၆) ဦးမေးမြန်းခဲ့ကြောင်းတွေ့ရှိခဲ့ပါသည်။
ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းခဲ့သည့် အမျိုးသမီးကိုယ်စားလှယ်ဦးရေများမှာ-

ဒုတိယအကြိမ် ဒုတိယပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းခဲ့သည့် အမျိုးသမီး ကိုယ်စားလှယ်ဦးရေ (၂၁) ဦးမေးမြန်းခဲ့ကြောင်းတွေ့ရှိခဲ့ပါသည်။

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်ပထမပုံမှန်အစည်းအဝေး ကာလအတွင်း ကြယ်ပွင့်ပြ မေးခွန်းများ မေးမြန်းခဲ့သည့် အမျိုးသားကိုယ်စားလှယ်ဦးရေ
၆။    ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းခဲ့သည့် အမျိုးသားကိုယ်စားလှယ်ဦးရေများမှာ-

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်း ခဲ့သည့် အမျိုးသားကိုယ်စားလှယ်ဦးရေများမှာ-