Skip to main content

အမည်

ဗိုလ်မှူးချုပ်ရဲနိုင်မျိုး

အခြားအမည်

မရှိပါ

ပြန်တမ်းဝင်အမှတ်

ကြည်း ၁၉၅၁၁

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၆/မအရ(နိုင်)၀၀၅၃၁၃

မွေးသက္ကရာဇ်/အသက်

၁၉-၆-၁၉၆၃ /(၅၅)နှစ်

မွေးဖွားရာဇာတိ

သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

ပညာအရည်အချင်း

ဝိဇ္ဇာဘွဲ့(စီးပွားရေး)၊မဟာဝိဇ္ဇာဘွဲ့(ကာကွယ်ရေးပညာ)

လက်ရှိအလုပ်အကိုင်

စစ်မှုထမ်း၊ စရခ

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးမျိုးခင်၊ ၁၂/သဃက(နိုင်)၁၇၂၃၈၁၊ရုံးအုပ်(ငြိမ်း)၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်သန်းမြင့် (ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်သန်းသန်းဆွေ၊ ၆/မအရ(နိုင်) ၀၀၄၃၃၃ ၊ အလယ်တန်းပြ(ငြိမ်း)

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

မမျိုးသီရိဆွေ၊ ၁၂/အလန(နိုင်)၀၄၅၈၀၂ ၊ ကြီးကြပ်ရေးမှူး၊ မြန်မာ့ရှေ့ဆောင်ဘဏ်

မောင်ကောင်းဆက်၊ ၁၂/အလန(နိုင်) ၀၄၅၈၉၂ ၊ Marketing specialist Diamond Palace Co.Ltd

အမြဲတမ်းနေရပ်လိပ်စာ

တိုက်(၃)၊ အခန်း(၄၀၂)၊ ဇောတိကအိမ်ရာ(၂) ၊ ဇ/မြောက်ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်

ရွေးကောက်တင်မြှောက်ခြင်းခံရသည့်မဲဆန္ဒနယ်

 

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အခြေခံပညာကို သင်္ဃန်းကျွန်းမြို့နယ် လေ့ကျင့်ရေး မူလတန်းကျောင်း၊ အမက (၈)နှင့် အထက(၁)တို့တွင် သင်ယူခဲ့ပြီး ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ (စီး ပွားရေး)နှင့် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့ (ကာကွယ်ရေးပညာ) ရရှိခဲ့သည်။

စစ်မှုထမ်းတာဝန်ဖြင့် ခလရ(၁၇)၊ ခလရ(၇၅)၊ ဗသက၊ ခမရ(၃၂၉)၊ တခရ၊ ခမရ (၅၃၁)၊ ခမရ(၃၈၃)၊ စရခ၊ စကခ(၁၃)၊ စကခ(၈)၊ တတက(၃)၊ မစသ (ဖနွမ်းပင်)၊ မစသ(မော်စကို)နှင့် မစသ(ကွာလာလမ်ပူ)တို့တွင် အဆင့်ဆင့်တာဝန်ထမ်းဆောင် ခဲ့သည်။ ဗိုလ်မှူးချုပ်အဆင့်ဖြင့် တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေး အရာရှိချုပ်ရုံးတွင် အရန်အင်အားအဖြစ် တွဲဖက်ထားလျက်ရှိပြီး တပ်မတော်သား ကိုယ်စား လှယ်အဖြစ် ကြည်း ၁၈၈၅၆ ဗိုလ်မှူးချုပ် တင်စန်းနိုင် အစား အစားထိုး ရွေးချယ်ခံရသူ ဖြစ်ပါသည်။