Skip to main content

ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်ခင်စန်းလှိုင် China Eximbank မှ Ms. Wen Hong ဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်ခင်စန်းလှိုင် သည် China Eximbank မှ Ms. Wen Hong ဦးဆောင်သောအဖွဲ့အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာ အဆောင်အမှတ် (I-7) အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် တရုတ်နိုင်ငံအနေဖြင့်           မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ လမ်းတံတား ကဏ္ဍ စသည့် ကဏ္ဍပေါင်းစုံအတွက် ချေးငွေ ထောက်ပံ့ပေးခြင်း ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ၊ Micro Finance Project (အသေးစားချေးငွေလုပ်ငန်း) နှင့်ပတ်သက်၍ တရုတ်-မြန်မာ နှစ်နိုင်ငံ အကျိုးတူပူးပေါင်း ဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ ကော်မတီအတွင်းရေးမှူး ဦးတင်ထွန်းနိုင် လည်း တက်ရောက်ခဲ့ကြသည်။

၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်