Skip to main content

လွှတ်တော်ရုံးများ၏ ၂၀၁၈ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ စုပေါင်းကျင်းပပြုလုပ်

လွှတ်တော်ရုံးများ၏ ၂၀၁၈ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ၂၅-၇-၂၀၁၈ ရက်နေ့ နံနက် ၈ နာရီခွဲတွင် လွှတ်တော်ဝင်းအတွင်း၌ စုပေါင်းကျင်းပပြုလုပ်ရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ လွှတ်တော်ရေးရာ ကော်မတီဥက္ကဋ္ဌများ၊ ကော်မတီ အတွင်းရေးမှူးများ၊ လွှတ်တော်ရုံးအသီးသီးမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။

ရှေးဦးစွာ ၂၀၁၈ ခုနှစ် သစ်ပင်စိုက်ပျိုးပွဲ အထိမ်းအမှတ်အဖြစ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ လွှတ်တော်ရေးရာ ကော်မတီဥက္ကဋ္ဌများနှင့် ကော်မတီအတွင်းရေးမှူးများက သတ်မှတ် နေရာများတွင် သစ်ပင်များကို စိုက်ပျိုးပေးခဲ့ကြသည်။

ထို့နောက် လွှတ်တော်ရုံးအသီးသီးမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက  ကံ့ကော်၊ ခရေ၊ ရွှေသပြေနှင့် စိန်ပန်းပင်များကို စုပေါင်းစိုက်ပျိုးကြရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌတို့က လိုက်လံကြည့်ရှု အားပေးကြသည်။

၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်