Skip to main content

ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုး တိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင် ရန်ကုန်နည်းပညာတက္ကသိုလ် (၄) ခုမှ ဆရာ/မများ၊ ကျောင်းသား/သူများအား လက်ခံတွေ့ဆုံ

 

ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင် သည် ရန်ကုန်နည်းပညာတက္ကသိုလ် (၄)ခုမှ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ အား ယနေ့ ညနေ ၅ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင် အမှတ် (I-8) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ လျှပ်စစ်အန္တရာယ်နှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးရေးလုပ်ငန်းစဉ်များနှင့် လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘယ်လိုစိန်ခေါ်မှုတွေရှိသလဲ၊  မည်သို့ကျော်လွှားမည်လဲ စသည့် သိလိုသည်များကို ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီ ဥက္ကဋ္ဌနှင့်အတူ ကော်မတအတွင်းရေးမှူး ဦးစိုးမြင့် (ခ) ဦးအောင်ဇော်မြင့်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်