Skip to main content

ပြည်သူ့လွှတ်တော်ကို ကိန်းဂဏန်းအခြေပြုချဉ်းကပ်ခြင်း သုတေသနစာတမ်းအမှတ် ( ၅ )

 

ပြည်သူ့လွှတ်တော်ကို ကိန်းဂဏန်းအခြေပြုချဉ်းကပ်ခြင်း သုတေသနစာတမ်းအမှတ် ( ၅ )

(ဒုတိယအကြိမ်၊ ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးတွင်မေးခွန်းများ၊ အဆိုများနှင့်ဥပဒေပြုမှုများလေ့လာချက်)

အဋ္ဌမပုံမှန်အစည်းအဝေး ( ၁၄.၅.၂၀၁၈ မှ ၂၀.၆.၂၀၁၈ ) ထိ

 

ပြည်သူ့လွှတ်တော်ကို ကိန်းဂဏန်းအခြေပြုချဉ်းကပ်ခြင်း သုတေသနစာတမ်းတို

နိဒါန်း
၁။     လွှတ်တော်သည် နိုင်ငံတစ်နိုင်ငံ၏ ဥပဒေပြုအာဏာရှိသော အဖွဲ့အစည်းဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ယနေ့ဥပဒေပြုရေးမဏ္ဍိုင်တွင် ပြည်သူ့လွှတ်တော်၏ အခန်းကဏ္ဍသည်လည်း တစ်ထောင့်တစ်နေရာမှ ပါဝင်နေပါသည်။ ပြည်သူ့လွှတ်တော်ရုံး၏ သုတေသနအစီရင်ခံစာ စာတမ်း သည် ဒုတိယအကြိမ်၊ ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးတွင် မေးခွန်းမေးမြန်းမှု၊ အဆို တင်သွင်းမှုနှင့် ဥပဒေပြုမှုအခြေအနေများကို သုတေသနပြု၍ လေ့လာပြုစုတင်ပြခြင်းဖြစ်ပါ သည်။

ရည်ရွယ်ချက်

၂။    ပြည်သူ့လွှတ်တော်၏ လုပ်ငန်းဆောင်ရွက်ချက် အဆင့်ဆင့်များအား သိရှိနားလည်စေရန် နှင့် မေးခွန်းမေးမြန်းမှု၊ အဆိုတင်သွင်းမှုနှင့် ဥပဒေပြုမှုတို့ကို ထိရောက်စွာဆောင်ရွက်နိုင်ခြင်း   ရှိ/မရှိ တိုင်းတာနိုင်မည့် အကျိုးရလဒ်များ ထွက်ပေါ်လာမည်ဖြစ်သည်။ ပြည်သူ့လွှတ်တော်နှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်များကို လွယ်ကူစွာရှာဖွေမှီငြမ်းနိုင်ရန်အတွက် ကိန်းဂဏန်း များနှင့် ရည်ညွှန်းကိန်းများကို သုတေသနစာတမ်းတိုအဖြစ် ပြုစုတင်ပြခြင်းဖြစ်ပါသည်။

ဒုတိယအကြိမ်၊ ပြည်သူ့လွှတ်တော်အဋ္ဌမပုံမှန်အစည်းအဝေးတွင် မေးမြန်းတင်သွင်းခဲ့သော ကြယ်ပွင့်ပြနှုတ်ဖြေမေးခွန်းများကိုလေ့လာခြင်း

၃။    အဋ္ဌမပုံမှန်အစည်းအဝေးကို၂၀၁၈ ခုနှစ်၊ မေလ (၁၄) ရက်နေ့မှ ၂၀၁၈  ခုနှစ်၊ ဇွန်လ (၂၀) ရက်နေ့ထိ (၁၈) ရက် ကျင်းပခဲ့ပါသည်။ အဋ္ဌမပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းပေါင်း (၁၀၉) ခု မေးမြန်းခဲ့သည့်အတွက် ပျမ်းမျှအားဖြင့် တစ်ရက်လျှင်မေးခွန်း ( ၆ )ခု မေးမြန်းခဲ့ခြင်း ဖြစ်ပါသည်။

အဋ္ဌမပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြနှုတ်ဖြေမေးခွန်းများအား နှိုင်းယှဉ်လေ့လာမှုများ
၄။   “အဋ္ဌမပုံမှန်အစည်းအဝေး”တွင် ကြယ်ပွင့်ပြနှုတ်ဖြေမေးခွန်းများအား နှိုင်းယှဉ်လေ့လာမှု များတွင် မေးခွန်းရှင် လွှတ်တော်ကိုယ်စားလှယ်များ၏ ကျား/မ အလိုက်ခွဲခြားလေ့လာခြင်း၊ ကိုယ်စားပြုနိုင်ငံရေးပါတီကိုလေ့လာခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်ဒေသအလိုက် လေ့လာခြင်း၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ အလိုက်ဖြေကြားခဲ့သည့် ကြယ်ပွင့်ပြမေးခွန်းအရေအတွက် လေ့လာခြင်းများကို သုတေသနပြုလုပ်၍ လေ့လာထားပါသည်။

အဋ္ဌမပုံမှန်အစည်းအဝေးတွင်မေးခွန်းများဆောင်ရွက်ပြီးစီးမှုအခြေအနေ

၅။    အဋ္ဌမပုံမှန်အစည်းအဝေးတွင်မေးခွန်းများဆောင်ရွက်ပြီးစီးမှုအခြေအနေပြဇယား -

အဋ္ဌမပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းများကို မေးမြန်းခဲ့သည့် “ကျား/မ ကိုယ်စားလှယ်ဦးရေ” စာရင်း

၆။     အဋ္ဌမပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းများကို မေးမြန်းခဲ့သည့်“ကျား/မ ကိုယ်စားလှယ်ဦးရေ” စာရင်းများအား  နှိုင်းယှဉ်ပြဇယား-

အဋ္ဌမပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းခဲ့သည့် အမျိုးသမီးကိုယ်စားလှယ်ဦးရေ

၇။    အဋ္ဌမပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းခဲ့သည့် အမျိုးသမီး   ကိုယ်စားလှယ် (၁၄) ဦးက မေးခွန်း (၁၉) ခု မေးမြန်းခဲ့သည်ကို ဖော်ပြပါဇယားတွင် တင်ပြထားပါသည်-

အဋ္ဌမပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းများမေးမြန်းခဲ့သည့် အမျိုးသားကိုယ်စားလှယ်ဦးရေ-

၈။    အဋ္ဌမပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းခဲ့သည့် အမျိုးသားကိုယ်စားလှယ် (၆၄) ဦးက မေးခွန်း (၉၀) ခုမေးမြန်းခဲ့သည်ကို ဖော်ပြပါဇယားတွင်  တင်ပြထားပါသည်-

အဋ္ဌမပုံမှန်အစည်းအဝေးတွင် မေးမြန်းဖြေကြားခဲ့သည့် ကြယ်ပွင့်ပြ “မေးခွန်းအရေအတွက်ကို ကျား/မ”အလိုက်ခွဲခြားလေ့လာခြင်း

၉။    အဋ္ဌမပုံမှန်အစည်းအဝေးတွင် မေးမြန်းဖြေကြားခဲ့သည့် ကြယ်ပွင့်ပြ “မေးခွန်းအရေအတွက်ကို ကျား/မ”အလိုက်ခွဲခြားလေ့လာ၍ ဇယားဖြင့်တင်ပြထားပါသည်-

၁၀။    အဋ္ဌမပုံမှန်အစည်းအဝေးတွင် မေးမြန်းခဲ့သည့်မေးခွန်းပေါင်း (၁၀၉) ခုအနက် အမျိုးသား ကိုယ်စားလှယ်များမှ မေးခွန်း (၉၀) ခုနှင့် အမျိုးသမီးကိုယ်စားလှယ်များမှမေးခွန်း (၁၉) ခုမေးမြန်းခဲ့ပါသည်။

အမျိုးသားကိုယ်စားလှယ်များသည် မေးခွန်းအားလုံး၏ (၈၂.၅၇%) ကို မေးမြန်းခဲ့ ကြခြင်းဖြစ်ပြီး အမျိုးသမီးကိုယ်စားလှယ်များသည် မေးခွန်းအားလုံး၏ (၁၇.၄၃%) ကို မေးမြန်း နိုင်ခဲ့ကြောင်း တွေ့ရှိရပါသည်။

ဒုတိယအကြိမ်၊ ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ အဋ္ဌမပုံမှန်အစည်းအဝေးထိ မေးခွန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေ

၁၁။    ပထမပုံမှန်အစည်းအဝေးမှ အဋ္ဌမပုံမှန်အစည်းအဝေးထိ မေးခွန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေမှာ -

အဋ္ဌမပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းမေးမြန်းသော လွှတ်တော်ကိုယ်စားလှယ်များ၏ “ကိုယ်စားပြုနိုင်ငံရေးပါတီ” ကိုလေ့လာခြင်း

၁၂။    ကြယ်ပွင့်ပြမေးခွန်းမေးမြန်းသော လွှတ်တော်ကိုယ်စားလှယ်များ၏ “ကိုယ်စားပြုနိုင်ငံရေး ပါတီ” များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

၁၃။    အဋ္ဌမပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းမေးမြန်းခဲ့သော “ကိုယ်စားပြုနိုင်ငံရေးပါတီ” များအလိုက်မေးခွန်းများကို အများဆုံးမေးမြန်းသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မေးခွန်းစုစုပေါင်း ၏ (၇၄.၃၆%) မေးမြန်းခဲ့ပါသည်။ ဒုတိယအများဆုံး မေးမြန်းခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မေးခွန်းစုစုပေါင်း၏ (၁၀.၂၅%) ဖြစ်ပြီး  တတိယအများဆုံးမေးမြန်းခဲ့သည့်  ရခိုင်အမျိုးသားပါတီမှ  မေးခွန်းစုစုပေါင်း၏ (၈.၉၈%) ကို မေးမြန်းခဲ့ပါသည်။

အဋ္ဌမပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းမေးမြန်းသော လွှတ်တော်ကိုယ်စားလှယ်များ ၏ “ကိုယ်စားပြုနိုင်ငံရေးပါတီ” များအခြေအနေပြပုံ-

အဋ္ဌမပုံမှန်အစည်းအဝေးတွင်“တိုင်းဒေသကြီး/ပြည်နယ် ”  ဒေသအလိုက် မေးခွန်းမေးမြန်းမှုအခြေအနေပြ

၁၄။    အဋ္ဌမပုံမှန်အစည်းအဝေးတွင် “တိုင်းဒေသကြီး/ပြည်နယ်”ဒေသအလိုက် မေးခွန်းမေးမြန်း မှုအခြေအနေပြဇယား -

၁၅။    အဋ္ဌမပုံမှန်အစည်းအဝေးတွင်ကြယ်ပွင့်ပြ မေးခွန်းမေးမြန်းခဲ့သော တိုင်းဒေသကြီး/ပြည်နယ် ဒေသအလိုက် မေးခွန်းများကို အများဆုံးမေးမြန်းခဲ့သည့် စစ်ကိုင်းတိုင်းမှ မေးခွန်းစုစုပေါင်း၏ (၁၉.၂၄%) မေးမြန်းခဲ့ပါသည်။ ဒုတိယအများဆုံး မေးမြန်းခဲ့သည့်  ရန်ကုန်တိုင်း/ မကွေးတိုင်း/ ရှမ်းပြည်နယ်တို့မှ မေးခွန်းစုစုပေါင်း၏ (၁၄.၁၀%) ဖြစ်ပြီး  တတိယအများဆုံး မေးမြန်းခဲ့သည့်  ရခိုင်ပြည်နယ် မေးခွန်းစုစုပေါင်း၏ (၁၁.၅၄ %) ကို မေးမြန်းခဲ့ပါသည်။

အဋ္ဌမပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းမေးမြန်းသော လွှတ်တော်ကိုယ်စားလှယ်များ၏  “တိုင်းရင်းသားအလိုက်”မေးခွန်းမေးမြန်းမှု

၁၆။    အဋ္ဌမပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းမေးမြန်းသော လွှတ်တော်ကိုယ်စားလှယ်များ၏  “တိုင်းရင်းသားအလိုက်”မေးခွန်းမေးမြန်းမှု အခြေအနေပြဇယား -