Skip to main content

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ H.E.Mr. Ding Zhongli ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ပြန်လည်ထွက်ခွာ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သို့  ချစ်ကြည်ရေး ခရီးလာရောက် လည်ပတ်သော တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ အမျိုးသားပြည်သူ့ ကွန်ဂရက် (NPC) အမြဲတမ်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ H.E.Mr. Ding Zhongli ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်မှ ရန်ကုန်မြို့သို့ UB 112 လေယာဉ်ဖြင့် ပြန်လည်ထွက်ခွာသွားသည်။

အဆိုပါ ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်းနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ လိုက်ပါပို့ဆောင်နှုတ်ဆက်ကြသည်။

၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်