Skip to main content

ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းနှင့် တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ ဦးကျော်မြင့်တို့ Direct Contacts Mission မှ Professor Yozo Yokota ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းနှင့် တောင်သူလယ်သမားနှင့် အလုပ် သမားရေးရာကော်မတီ ဥက္ကဋ္ဌ ဦးကျော်မြင့်တို့သည် Direct Contacts Missions မှ Professor Yozo Yokota ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက်   ၁၀ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-2) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံက လက်ခံကျင့်သုံးသော အသင်းအဖွဲ့များ လွတ်လပ်စွာ ဖွဲ့စည်းခြင်းနှင့် ဖွဲ့စည်းခွင့်ကို ကာကွယ်ပေးခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များအား ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းနှင့်အတူ အတွင်းရေးမှူး ဦးကျော်စိုးလင်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာ ကော်မတီ ဥက္ကဋ္ဌ ဦးကျော်မြင့်နှင့်အတူ အတွင်းရေးမှူး ဦးသိန်းထွန်းနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်