Skip to main content

ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်းပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ ဒုတိယအတွင်းဝန်/ ဒုတိယကောင်စစ်ဝန် Ms. Sarah Grebowski အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌဦးဇော်သိန်းသည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ ဒုတိယအတွင်းဝန်/ ဒုတိယကောင်စစ်ဝန် Ms. Sarah Grebowski အား ယနေ့ မွန်းတည့် ၁၂ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-5) ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့အကြား ရင်းနှီးချစ်ကြည်ရေး ပိုမိုခိုင်မာစေရန် လွှတ်တော်နှစ်ရပ်ပူးပေါင်းဆောင်ရွက်ရေး၊ အမေရိကန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ ရောက်ရှိလာရေး အတွက် မီဒီယာများ၏အခန်းကဏ္ဍ၊ အမေရိကန်နိုင်ငံသို့ ပညာတော်သင်များ ပိုမိုစေလွှတ် နိုင်ရေးအတွက် နှစ်နိုင်ငံလွှတ်တော်ကိုယ်စားလှယ်များ ပူးပေါင်းဆောင်ရွက်ရေးနှင့် အမေရိကန်နိုင်ငံမှ အာဆီယံနိုင်ငံများအပေါ်ထားရှိသော မျက်မှောက်မူဝါဒရေးရာများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြ ပါသည်။

၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ  ၁၈  ရက်