Skip to main content

ဒီမိုကရေစီနေ့ကျင်းပရေးဗဟိုကော်မတီဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

၂၀၁၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အခမ်းအနားကျင်းပရေး ဗဟိုကော်မတီ၏ ဒုတိယ အကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၅ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန်တွင်နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်ထောင်စုလွှတ်တော် (D-ဆောင်) ဒုတိယထပ် အစည်းအဝေးခန်းမ၌ ကျင်းပရာ ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေး၊ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးဌေးဦးနှင့်ကျင်းပရေး ဗဟိုကော်မတီဝင်များ၊ ဖိတ်ကြားရေးနှင့်ကြိုဆိုနေရာချထားရေးလုပ်ငန်းကော်မတီ၊ အခမ်းအနား ပြင်ဆင်ရေးနှင့် ဧည့်ခံကျွေးမွေးရေးလုပ်ငန်းကော်မတီ၊ စာတမ်း၊ မှတ်တမ်းနှင့် ပြန်ကြားရေး လုပ်ငန်း ကော်မတီ၊ လုံခြုံရေးကော်မတီတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ၂၀၁၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အခမ်းအနားကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ဦးဌေးဦး က အဖွင့်အမှာစကားပြောကြားရာတွင် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီအသီးသီး၏ ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းများ ဆောင်ရွက် ထားရှိမှုနှင့် ပေါင်းစပ်ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရန် ပြောကြားပါ သည်။

ထို့နောက် ၂၀၁၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အခမ်းအနားကျင်းပရေး ဗဟိုကော်မတီ အတွင်းရေးမှူး ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုး က အခမ်းအနား ကျင်းပရေးနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ သက်ဆိုင်ရာလုပ်ငန်းကော်မတီဥက္ကဋ္ဌများက လုပ်ငန်းကော်မတီအလိုက် စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများကို  ရှင်းလင်းတင်ပြကြပါသည်။

ဆက်လက်၍ လုပ်ငန်းကော်မတီဝင်များမှ အထွေထွေကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့ရာ တင်ပြချက်များ အပေါ် ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ ဦးဌေးဦး က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပြီး နိဂုံးချုပ် အမှာစကားပြောကြားသည်။